ကျောက်တော်မြို့နယ်တွင် ဘုန်းကြီးတစ်ပါး မြစ်ကမ်းနားရေစပ်တွင် သေဆုံး၍ တွေ့ရှိ

ကျောက်တော်မြို့နယ်တွင် ဘုန်းကြီးတစ်ပါး မြစ်ကမ်းနားရေစပ်တွင် သေဆုံး၍ တွေ့ရှိ
ဓာတ်ပုံ- အညတြရ
ဓာတ်ပုံ- အညတြရ
ရခိုင်ပြည်နယ် ကျောက်တောမြို့နယ်တွင် ဘုန်ကြီးတစ်ပါးကို မြစ်ကမ်းစပ် အနီးတွင် သေဆုံး (ပျံလွန်) ၍ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ကျောက်တော်ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိက ဘုန်းကြီး ပျံလွန်တော်မူသွားသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း ဌာနဆိုင်ရာက  ၉၆ ပါးဝေဒနာကြောင့် ပျံလွန်တော်မှုသွားသည်ဟု ကောက်ချက်ချကာ  ကျောက်တော်မြို့တွင် ယနေ့ မီးသဂြိုလ် လိုက်ပြီ ဖြစ်ကြောင်း ပြောကြားသည်။

ဒေသခံများက အသတ်ခံရသည်ဟု  နိရဥ္စရာသို့ သတင်းပေးပို့ထားသဖြင့် အသတ်ခံရသည်မှာ ဖြစ်နိုင်ခြေရှိပါသလားဟု မေးမြန်းရာ ထိုသို့ ဆိုလျင် အမှုကို ကိုင်တွယ်နေသော စခန်းမှူးနှင့် နယ်ထိန်းကို မေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

နိရဥ္စရာက ကျောက်တော်မြို့ ရဲစခန်းမှ စခန်းမှူးအား ညနေ ၉ နာရီခွဲက ဆက်သွယ်ရာ ဖုန်းကိုင် ပြောဆိုခြင်း မရှိပါ။

သို့အတွက် ကျောက်တော်မြို့မှ လူမှုရေး လူပ်ရှားနေသူ ကိုဇော်ဝင်အား ဆက်သွယ်မေးမြန်းရာ ကျောက်တော်မြို့မှ တံတားနှင့် စလွဲစောင်း မြစ်တစ်ဘက်ကမ်း  ပိန္နဲချောင်းနဲ့ ၀က်မှိုင်းကြား မြစ်ပြင် ရေစပ်တွင် ဘုန်းကြီးတစ်ပါး၏ အလောင်းအား တင်၍ တွေ့ကြောင်း၊ ၎င်းရွာနှစ်ရွာကြားမှ ရေစပ်တွင် တင်၍ တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ၊ ရဲမှ  စိတ်ပေါ့ လက်ပေါ့ သွားနေသည့် ဘုန်းကြီး ဖြစ်ကြောင်း၊ ၎င်းဘုန်းကြီးနှင့် ပတ်သက်၍ သိရသည်မှာ ဘင်္ဂလာဘက်က ၀င်ရောက်လာပြီး ကျောက်တော် မြို့နယ် အထက်ပိုင်း သစ်တစ်ပုံ မြိုရွာနေထိုင်သည်ဟု သတင်းရကြောင်း၊ အသေးစိတ် သတင်းအချက်အလက်များကို စုံးစမ်းရန် လိုအပ်နေကြောင်း ပြောကြားသည်။

ယခုလို ရဟန်းတော် တစ်ပါး သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှာ အဖြစ်မှန်ကို အမြန်ဆုံး ရှာဖွေ ဖော်ထုတ်ပြီး ကွယ်ဝှက် မထားဘဲ အရှိကို အရှိအတိုင်း ထုတ်ဖော် ပြောဆိုရန် ဒေသခံ လူထုက လိုလားနေကြသည်ဟု သိရသည်။

နိရဥ္စရာမှ ဆက််လက် စုံစမ်းပြီး ဖြစ်စဉ်ကို ဆက်လက် တင်ပြပေးပါမည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...