အပစ်ရပ် တိုင်းရင်းသားအဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အကြိုဆွေးနွေးပွဲ ပြုလုပ်နေ

အပစ်ရပ် တိုင်းရင်းသားအဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အကြိုဆွေးနွေးပွဲ ပြုလုပ်နေ
by -
မဇ္စျိမ
ဓာတ်ပုံ- အောင်မိုးမြင့်
ဓာတ်ပုံ- အောင်မိုးမြင့်
၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်၍ မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကြိုတင်ပြင်ဆင်သည့် တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၂၄ ရက်က စတင်ကျင်းပနေသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(EAO Peace Process Steering Team-EAO PPST)၏ ထိပ်သီးအစည်းအဝေး ကျင်းပနေခြင်း ဖြစ်သည်။

“ဒီအစည်းအဝေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ဖို့ရှိတယ်။ လက်ရှိ လုပ်ငန်းစဉ်တွေကို ထိပ်သီးအစည်း အဝေးအနေနဲ့ အခုမှ လုပ်ဖြစ်တာဖြစ်တယ်”ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

ယခုအစည်းအဝေးပြီးနောက် NCA လက်မှတ် မရေးထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ ဇွန်လ ၂၇ သို့မဟုတ် ၂၈ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင်  တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

၂၁ ရာစုပင်လုံ တက်ရောက်ရေး၊ NCA လက်မှတ်မထိုးသေးသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရေးများလည်း ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဇွန်လ ၂၂ ရက်က ပြောဆိုခဲ့သည်။

ထိုထိပ်သီးအစည်းအဝေးကို ဇွန် ၂၄ ရက်နှင့် ၂၅ ရက်များတွင် ကျင်းပမည် ဖြစ်သည်။

EAO PPST ကို ပြီးခဲ့သည့် မတ်လအတွင်း ကျင်းပသော NCA လက်မှတ်ထိုးထားသော တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့တွင် အဖွဲ့အစည်းများမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူထူးစေးဖိုး၊ RCSSမှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ဦးဆောင်ကာ အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC )၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် ( RCSS/SSA )၊ ချင်း အမျိုးသားတပ်ဦး(CNF)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့က NCA တွင် လက်မှတ်ရေးထိုးခဲ့သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...