ထိုင်းရောက်မြန်မာအလုပ်သမားအများစု ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရခဲ့

ထိုင်းရောက်မြန်မာအလုပ်သမားအများစု ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရခဲ့
by -
မဇ္စျိမ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်အဖြစ် ဇွန် ၂၃ ရက်တွင် ဘန်ကောက်လေဆိပ်သို့ ရောက်ရှိရာ ထိုင်းဒုတိယဝန်ကြီးချုပ် Somkid Jatusripitak နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့က ကြိုဆိုကြသည်။

ဘန်ကောက်အနောက်ပိုင်း Samut Sakhon ပြည်နယ်ရှိ ငါးလုပ်ငန်းအဓိကလုပ်ကိုင်ရာ Talad Talay Thai သို့ သွားရောက်ခဲ့ကာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့်   တွေ့ဆုံမိန့်ခွန်းပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မှုတွင် တွေ့ဆုံနိုင်ရေးအတွက် တားဆီးခံရကာ တွေ့ခွင့်မရသည့် မြန်မာလုပ်သားထောင်ပေါင်းများ စွာရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးလှုပ်ရှားသူ Andy Hall က ပြောသည်။ ၂၀၁၂ ခုနှစ်အတွင်းက အတိုက်အခံခေါင်းဆောင်အဖြစ် ယင်းနေရာသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရပြီးပါက နောက်တစ်ကြိမ် လာရောက်မည်ဟု ကတိပေးပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြသည့် မြန်မာအလုပ်သမားများက မျှော်လင့်ချက်ကြီးစွာဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ "ကျွန်မတို့အပေါ် ညှာညှာတာတာ ဆက်ဆံလာအောင် ထိုင်းအစိုးရကို ဒေါ်အောင်ဆန်းစုကြည်က ဖိအားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံကြသည့် လူအုပ်အတွင်းမှ သံမဏိစက်ရုံတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

photo2

ထိုင်းနိုင်ငံ သုံးရက်တာခရီးစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများကို အကူအညီပေးသွားနိုင်ရေး ဆွေးနွေးသွားရန် ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံသားတွေရဲ့ အသံကို ကြားချင်ပါတယ်။ ကျွန်မတို့ လုပ်ပေးနိုင်တာအပေါ် ပွင့်ပွင့်လင်းလင်း ပြောကြပါ။ ဘာတွေ လိုအပ်သလဲ၊ မျှော်လင့်သလဲဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောကြပါ။"ဟု ပြောသည်။

အဆိုပါ နေရာသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မှုတွင် ထိုင်းရဲ ၁၀၀၀ ကျော်ထက်မနည်းက လုံခြံုရေးတာဝန်ယူထားရသည်။ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာအလုပ်သမားများ တွေ့ဆုံနိုင်ခွင့်ရရင် လုပ်ငန်းရှင်များကလည်း အလုပ်သမားများကို နာရီအတန်ကြာ အလုပ်နားခွင့်ပေးထားသည်။  ဘန်ကောက်ကနေ အဆိုပါ ထိုင်းငါးစျေးဖြစ်သော Talad Talay သို့ သွားရန် ခွင့်ယူကြသည့် မြန်မာအလုပ်သမားများလည်း အများအပြားရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ် အနှောင့်အယှက်ဖြစ်စေနိုင်သဖြင့် ဟာဂျီအစ္စမေးဆိုသူ ဦးဆောင်ပြုလုပ်မည့် ရိုဟင်ဂျာဆိုသူများ၏ အကျပ်အတည်းများ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ထိုင်းရဲက ထိန်းသိမ်းကြပ်မတ်ကာ သတင်းထောက်များ မေးခွန်းများ မေးမြန်းခွင့် မပြုဘဲ စာတမ်းဖတ်ကြားခွင့်ပေးရုံသာ စောင့်ကြပ် ကျင်းပစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်ကို မီဒီယာတင်းကျပ်မှုတစ်ချို့လည်း ရှိနေသည်။ ဇွန် ၂၄ ရက်တွင် ထိုင်းတက္ကသိုလ်ကျောင်းသားများအား မိန့်ခွန်းပြောဆိုဖို့ ရှိရာတွင် မီဒီယာသမားများအား ဝင်ခွင့်မပေးကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ချန်အိုချာနှင့် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၄ ရက်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်လည်းဖြစ်သည်။

ဇွန် ၂၅ ရက်နေ့အတွက် စီစဉ်ထားသည့် ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ထမ်ဟင် ဒုက္ခသည်စခန်းသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ ထိုင်းတာဝန်ရှိသူများက ယင်းခရီးစဉ်ကို ရာသီဥတုအခြေအနေ မကောင်းမွန်ခြင်းကြောင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း ပြောသည်။ ဇွန် ၂၅ ရက် ခရီးစဉ်သစ်က ကိုယ်ပိုင်အစီအစဉ်သာဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...