ဒေါ်အောင်ဆန်းစုကြည်၏ ထမ်ဟင် ဒုက္ခသည်စခန်း သွားရောက်မည့်အစီအစဉ် ဖျက်သိမ်း

ဒေါ်အောင်ဆန်းစုကြည်၏ ထမ်ဟင် ဒုက္ခသည်စခန်း သွားရောက်မည့်အစီအစဉ် ဖျက်သိမ်း
by -
မဇ္စျိမ
ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ထမ်ဟင် ဒုက္ခသည်စခန်းသို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်အစီအစဉ်ကို ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့နံနက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိကာ အဆိုပါ
ထမ်ဟင် ဒုက္ခသည်စခန်းသို့ လာမည့် ဇွန် ၂၅ ရက်တွင် သွားရောက်ရန် အစောပိုင်းက စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထမ်ဟင် ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံ အရှေ့တောင်ခြမ်း စစ်ပွဲများကြောင့် ထွက်ပြေးခိုလှုံနေသူ ၆,၀၀၀ ကျော်ရှိမည်ဟု ပြောဆိုနေကြသည်။

"ထိုင်းအာဏာပိုင်တွေက မနေ့က ကျွန်တော်တို့ကို အကြောင်းကြာလာပါတယ်၊ ဒီ ဒေါ်အောင်ဆန်းစုကြည် လာမယ့်ခရီးစဉ်ကို ဖျက်သိမ်းတယ်ဆိုပြီးတော့ပေါ့၊ ဘာကြောင့်ဖျက်ရတာလဲဆိုတာကိုတော့ ပြောမသွားပါဘူး" ဟု ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို အကူအညီပစ္စည်းများ ဖြန့်ဝေရာတွင် ဦးစီးလုပ်ဆောင်ပေးနေသော Border Consortium အဖွဲ့မှ ဒါရိုက်တာ Sally Thompson က ပြောသည်။

ယခုကဲ့သို့ အစီအစဉ်ဖျက်သိမ်းခြင်းကြောင့် အဆိုပါဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ မြန်မာနိုင်ငံဆီသို့ ပြန်လာနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခွင့် ရရှိနိုင်တော့မည်မဟုတ်ဟုလည်း သိရသည်။

ဒုက္ခသည်များမှာ မြန်မာနိုင်ငံ ကရင်နှင့်မွန်ပြည်နယ်တို့ရှိ စစ်တပ်နှင့် ဖြစ်ပွားနေသော အခြေအနေများအပေါ် ဆွေးနွေးလိုသည့် ဆန္ဒရှိကြောင်း Thompson က ပြောသည်။

 နိုင်ငံခြားရေးဝန်ကြီးဌာန

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...