အမေရိကန်ရောက် ကချင်ခရစ်ယာန်ခေါင်းဆောင်များက ကချင်ပြည်နယ်အတွင်း အထွေထွေပြဿနာများကို အမေရိကန်အစိုးရနှင့် ဆွေးနွေး

အမေရိကန်ရောက် ကချင်ခရစ်ယာန်ခေါင်းဆောင်များက ကချင်ပြည်နယ်အတွင်း အထွေထွေပြဿနာများကို အမေရိကန်အစိုးရနှင့် ဆွေးနွေး
by -
မဇ္စျိမ
အစုုိးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်အတွင်း တုုိးတက်ပြောင်းလဲမှုများ မရှိသေးကြောင်းနှင့် လက်ရှိ မြန်မာ့တပ်မတော်စစ်သားတစ်ဦးမှ ပစ်သတ်ခံခဲ့ရသည့် ကချင်တက္ကသုုိလ် ကျောင်းသားအရေးနှင့် ပတ်သက်၍ အမေရိကန် ရောက် ကချင်ခရစ်ယာန် ခေါင်းဆောင်များက အမေရိကန် အစုုိးရနှင့်တွေ့ဆုံုစဉ် တင်ပြဆွေးနွေးခဲ့သည်ဟုု သိရသည်။

ကချင်ခရစ်ယာန်ခေါင်းဆောင်များက ဇွန်လ ၂၂ ရက်က အမေရိကန်နုုိင်ငံခြားရေးဌာန ဒီမုုိကရေစီ၊ လူ့အခွင့်အရေးနှင့် အလုုပ်သမားရေးရာ လက်ထောက်နုုိင်ငံခြားရေးဝန်ကြီး မစ္စတာMr Tom Malinwski တွေ့ဆုံုခဲ့သလုုိ၊ အမေရိကန် အစုုိးရအဖွဲ့၊့ လွှတ်တော်ကုုိယ်စားလှယ်များနှင့်လည်း တွေ့ဆုံုဆွေးနွေးခဲ့သည်ဟုု အမေရိကန်နိုင်ငံသို့ရောက်ရှိနေသော လူထုုအခြေပြု မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွန်ဂျွန်တူးရော်က ပြောသည်။

“ကျနော်ကတော့ မူးယစ်ဆေးဝါးကိစ္စ အမေရိကန် အစုုိးရကုုိ အားလုံုးတင်ပြလုုိက်တယ်။ မြန်မာနုုိင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာအရမ်း ဆုုိးဝါးနေပြီလုုိ့ သူတုုိ့ကတော့ အစုုိးရ ပြောင်းလဲလာပြီဆုုိတော့ ပြောင်းလဲလာဖုုိ့ အရင်ကထက် ပုုိကောင်း လာမယ်လုုိ့ မျှော်လင့်တယ်။ မူးယစ်ဆေးဝါးကိစ္စကုုိ ဆက်လုုပ်ပါ။ အားပေးပါတယ်လုုိ့ ပြောပါတယ်။ KBC ဆရာကတော့ စစ်ပြေး ဒုုက္ခသည်အရေး၊ အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမ နှစ်ယောက်ကိစ္စတွေ၊ မတရားသက်သေခံခုုိင်းတဲ့ကိစ္စတွေကုုိ တွေ့ရတဲ့ အကြောင်းတွေ တင်ပြခဲ့တယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

KBC မှ ဒေါက်တာ ခလမ်ဆမ်ဆွန်ကလည်း စစ်ပြေးဒုုက္ခသည်အရေး၊ ကချင်ကျောင်းဆရာမ နှစ်ဦး အသတ်ခံရမှုနှင့် လတ်တလော တက္ကသုုိလ်ကျောင်းသား မောင်ဂွမ်ဆုုိင်းအောင် အသတ်ခံရမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်ဟုု သူက ပြောသည်။

ကေဘီစီမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကက်သလစ်အသင်းတော်မှ ဖာတာဂေါလူရုံုဝါနှင့် လူထုုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ (PJS)မှ ဥက္ကဋ္ဌ ဦးလုုဂျွန်တူးရော် သုံုးဦးနှင့်အတူ ဝါရှင်တန်အခြေစုုိက် Kachin Alliance အဖွဲ့ တာဝန်ခံ အင်ဆန်ဂွမ်ဆန်တိုု့ သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေကြပါသည်။

အမေရိကန်အစိုးရနှင့်တွေ့ဆုံစဉ် “အစုုိးရသစ်ပြောင်းလဲလာတဲ့အခါမှာ မြန်မာအစုုိးရဘက်မှ ဘာတွေ ပြောင်းလဲလာပြီလဲ။ ဘာတွေ လုုိအပ်နေသေးတယ် ဆုုိတာတွေ သူတုုိ့ သိချင်ကြတယ်။ ဒါကိုု ကျနော်တိုု့က ဘာမှ မ ပြောင်းလဲဘူးနဲ့ ပုုိမုုိဆုုိးဝါးလာတယ်ဆုုိတာတွေတင်ပြတယ်။ မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးနဲ့ ပတ်သက်တာတွေ ၊ ဆရာမနှစ်ဦး အသတ်ခံရမှုမှာဘယ်သူဖြစ်တယ်ဆုုိတာတွေ၊ လတ်တလော ဖြစ်သွားတဲ့ ပစ်သတ်ခံရတဲ့ ဂွမ်ဆုုိင်းအောင်နဲ့ပတ်သက်လုုိ့ တင်ပြခဲ့တယ်။ အမေရိကန်အစုုိးရကတော့ ဒီမုုိကရေစီနဲ့ တရားမျှတမှုရရှိဖုုိ့ သူတိုု့တွေ အမြဲတမ်းကူညီနေတယ်ဆုုိတာ ပြောပါတယ်”ဟုု အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်လူမှုကွန်ရက်တခုုဖြစ်သော chyang Ngau shiga ၏ စာမျက်နှာသုုိ့ ကချင်ဘာသာဖြင့် ပြောဆုုိထားသည်။

အလားတူ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုုက္ခသည်များ ကူညီထောက်ပံ့မှုများ လျော့ပေးခြင်း မရှိဘဲ ပုုိမုုိထောက်ပံ့ပေးရန််၊ စစ်ပြေးဒုုက္ခသည်များ နေရပ်ပြန်နုုိင်သည်အထိ ဆက်လက် ကူညီထောက်ပံ့ပေးရန် တင်ပြခဲ့သလုုိ၊ ကချင်ပြည်နယ်ရှိ ရေကာတာ စီမံကိန်းများ ဆောက်လုုပ်မှု ရပ်တန့်ရေးအတွက် ကူညီပေးရန်နှင့် မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအတွက် ကူညီအားပေးရန်၊ အသတ်ခံရသည့် တက္ကသုုိလ်ကျောင်းသား၏ အမှုတွင် တရားမျှတမှုရရှိရန် ကူညီပေးရန် တင်ပြခဲ့သည်ဟုု ဖာသာဂေါလူရုံုဝါကလည်း ပြောဆုုိထားသည်။

၄င်းတုုိ့၏ အမေရိကန်ခရီးစဉ်တွင် ရှမ်းပြည်နယ်မြောက်ပုုိင်း ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်ခံရ၍ အသတ်ခံခဲ့ရသော စေတနာကျောင်းဆရာမ ၂ ဦးအမှုနှင့် ပတ်သက်၍ တရားမျှတမှု ရရှိရေး ကူညီပေးရန် တင်ပြခဲ့သည်။

အမေရိကန် အစိုုးရအဖွဲ့အစည်းများနှင့် တွေ့ဆုုံဆွေးနွေးမှုအပေါ် အကျိုးရှိလိမ့်မည်ဟုု မျော်လင့်ကြောင်း ဦးလုုန်ဂျွန်တူးရော်က ပြောသည်။ “သူတိုု့က ကျနော်တိုု့နုုိ်င်ငံကုုိ ဒီမုုိကရေစီနုုိင်ငံဖြစ်ဖုုိ့။ အရမ်းပြောင်းလဲစေချင်တယ်။ သူတုုိ့ကုုိ ကျနော်တုုိ့ သွားတင်ပြနုုိင်တဲ့အတွက် ကျနော်တုုိ့ အမျိုးသားတွေအတွက် အများကြီး အကျိုးရှိတယ်။ ကျနော်တ်ုုိ့နဲ့သူတုုိ့ အမြဲတမ်း ဆက်သွယ်လုုိ့ ရပြီ။ အရင်ကထက်စာရင်တော့ ဆက်သွယ်ပြောဆုုိလုုိ့ရသွားပြီ။ ကျနော်တုုိ့ကုုိ ကောင်းကောင်းမွန်မွန် ကြိုဆိုုတဲ့အတွက် အရမ်းဝမး်သာတယ်။ အကျိုးရှိမယ်လုုိ့ မျော်လင့်တယ်”ဟုု သူက ပြောသည်။

Kachin Allianceရုံုးကုုိ ၂၀၁၆ ခုုနှစ် ဖေဖော်ဝါရီလ ၆ ရက်က အမေရိကန်နုုိင်ငံ ဝါရှင်တန် ဒီစီမြို့တွင် ဖွင့်လှစ်ခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...