ရခိုင်လက်နက်ကိုင်တပ်အချင်းချင်း ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွား

ရခိုင်လက်နက်ကိုင်တပ်အချင်းချင်း ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွား
by -
မဇ္စျိမ
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ရက္ခိုင့်တပ်မတော် AA နှင့် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် ALA တို့ကြား ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်က မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ALA/ALP ၏ တွဲဘက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းက မဇ္စျိမကို အတည်ပြု ပြောကြားလိုက်သည်။

" AA ဘက်က ခြုံခိုပြီးတော့ ပစ်ခတ်မှုကို စတင်ခဲ့တာပါ။ ကျနော်တို့က ရန်သူဖြစ်တဲ့ အစိုးရတပ်တွေနဲ့တောင်မှ နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေတဲ့သူတွေပါ။ ခု ရခိုင်တပ်ဖွဲ့အချင်းချင်း လက်နက်သုံးပြီး ဖြေရှင်းရလောက်အောင်ထိ မဖြစ်ချင်ဘူး။ ကျနော်တို့ ALP/ALA အနေနဲ့ AA ရဲ့ ခေါင်းဆောင်တွေကို ဆက်သွယ်နေပါတယ်။ ဒီစတင်တိုက်ခိုက်မှုအပေါ် အဖြေရှာနိုင်ဖို့။ ညှိနှိုင်းနိုင်ဖို့ပါ"

တိုက်ပွဲမှာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် မိုင်တိုင် ၉၇ အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကာ၊ ALP/ALA ဘက်မှ ရဲဘော် ခိုင်ဆန်းဝင်းမှာ AA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး၊ ရဲဘော် ရာဇာထွန်းမှာ ပျောက်ဆုံးနေကြောင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ALP/ALA ၏ အမှတ် (၉) တပ်ရင်းမှူး ခိုင်းသန်းဝင်း ၏ ပြောကြားချက်ကို ကိုးကား၍
ဦးခိုင်အောင်စိုးသန်းက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော် AA မှ ယခုအချိန်ထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ALP/ALA ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ်၌ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် တစ်ခုတည်းသော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရက္ခိုင့်တပ်မတော် AA ကို ၂၀၀၉ ခုနှစ်တွင် ကချင်ပြည်နယ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်စခန်း တည်ဆောက်နိုင်ရေးအတွက် ယခုအချိန်ထိ မြန်မာ့တပ်မတော် နှင့် တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားနေသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...