မြန်မာ နှင့် အီးယူအကြား လက်နက်ရောင်းဝယ်မှုမပါတဲ့ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် ဥရောပသမဂ္ဂစဉ်းစားနေ

မြန်မာ နှင့် အီးယူအကြား လက်နက်ရောင်းဝယ်မှုမပါတဲ့ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် ဥရောပသမဂ္ဂစဉ်းစားနေ
by -
မဇ္စျိမ
ဓာတ်ပုံ-ဟောင်ဆာ၊ မဇ္ဈိမ
ဓာတ်ပုံ-ဟောင်ဆာ၊ မဇ္ဈိမ
မြန်မာအစိုးရ၏ ဘတ်ဂျက်သုံးစွဲမှုနှင့် ပတ်သက်၍ ဥရောပသမဂ္ဂက ထောက်ပံ့ပေးသွားရန် အစိုးရကိုစောင့်ကြည့်နေကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU)သံအမတ်ကြီး Mr.Roland Kobia က ပြောသည်။

"အစိုးရကို ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်လို့ သူတို့ကို ထောက်ပံ့ပေးဖို့ရှိတယ်။ ဒါကတော့ အစိုးရနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီးတော့ ထောက်ပံ့ပေးရမယ့် လုပ်ငန်း ဖြစ်ပါတယ်"ဟု Mr.Roland Kobia က ပြောသည်။

ဇွန် ၂၂ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ  Sule Shangri-La Hotel တွင် ပြုလုပ်သည့် ဥရောပသမဂ္ဂမှ အသစ် ရေးစွဲထားသည့် နိုင်ငံရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖွံ့ဖြိုးရေးကဏ္ဍ များနှင့် သက်ဆိုင်သည့် ဖြေရှင်းမှု နည်းလမ်းများကို တင်ပြသည့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် (၆)နိုင်ငံမှ သံအမတ်များနှင့် သံရုံးတာဝန်ခံတို့၏  ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ထောက်ပံ့နိုင်ရန်အတွက် အစိုးရ၏ ဆောင်ရွက်မှုများကို စောင့်ကြည့်လေ့လာနေပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး၏ သဘောတူညီမှုကို စောင့်ဆိုင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံ နှင့် ဥရောပ သမဂ္ဂတို့ကြား လက်နက်ရောင်းဝယ်မှုမပါသည့် စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် ဥရောပသမဂ္ဂ၏ မဟာဗျူဟာအသစ်တစ်ခုအနေဖြင့် စဉ်းစားနေကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

eu

EU အနေဖြင့် မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် ဒီမိုကရေစီဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ ဆင်းရဲမွဲတေမှုလျော့ချရေးတို့တွင်လည်း ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများကို ၂၀၁၃ခုနှစ်ကပင် ဖြေလျော့ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဥရောပ သမဂ္ဂအနေဖြင့် ယူရိုငွေ သန်း ၆၈၈သန်း ကျော် ထောက်ပံ့ပေးနေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ အစအဟာရလုံခြံုရေး ကဏ္ဍတွင် သန်း ၂၄၀၊ ပညာရေး ကဏ္ဍတွင် သန်း၂၄၀ ထောက်ပံ့ပေးခဲ့ပြီး ကျန်ငွေများကို တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်အဆင့် စွမ်းရည်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှု ပံ့ပိုးရေးတို့အား ကူညီထောက်ပံပေးလျှက်ရှိသည့်အပြင် တိုးမြှင့် ထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း EU သံအမတ်က ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မြန်မာနိုင်ငံနှင့် စပ်လျှဉ်း၍ ဥရောပသမဂ္ဂ မဟာဗျူဟာများကို နိုင်ငံခြားရေးကောင်စီက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်ရေးကိုအပြည့်အဝ လေးစားလိုက်နာပြီး တက်ကြွသော ဒီမိုကရေစီခရီးလမ်းပေါ်မှ မြန်မာနိုင်ငံနှင့် အရပ်သားအစိုးရကို ပံ့ပိုးကူညီရန် စစ်ဘက်အပါအဝင် အားလုံးသော သက်ဆိုင်သူများနှင့် ဆောင်ရွက်ချက်ကို ဥရောပသမဂ္ဂက တိုးမြှင့်သွားမည်ဟု ပြောကြားထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...