၂၁ ရာစုပင်လုံညီလာခံအရေး ZCD က ချင်းပါတီများနှင့်တွေ့မည်ဟုဆို

၂၁ ရာစုပင်လုံညီလာခံအရေး ZCD က ချင်းပါတီများနှင့်တွေ့မည်ဟုဆို
by -
ခိုနူမ်းထုန်
၂၁ ရာစုပင်လုံညီလာခံကျင်းပမည့်ကိစ္စနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီက ချင်းနိုင်ငံရေးပါတီများနှင့် ဇူလိုင်လ အတွင်း တွေ့ဆုံကာ ၎င်းတို့၏ သဘောထားများကို တောင်းခံသွားမည်ဟု သိရသည်။

ဇူလိုင်လကုန်ပိုင်းခန့်တွင် ကျင်းပမည်ဟုယူဆရသော ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးသည် ပြည်နယ်တစ်ခု လူမျိူးတစ်မျိူး၏ အရေးမဟုတ်ဘဲ ပြည်ထောင်စုတစ်ခု လုံးနှင့် သက်ဆိုင်သည့် အတွက်ကြောင့် ချင်းနိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် စီစဉ်ရခြင်းဖြစ်သည်ဟု ZCD အတွင်းရေးမှူး ပူးဂင်ကမ်းလျန်က ပြောသည်။

“အခု NLD အစိုးရက အရွေးခံတဲ့ပါတီတွေပဲ တက်ရမယ်ဆိုတာပြောတာကိုး၊ ညီအကိုချင်းပါတီထဲမှာ တစ်ယောက်မှ တက်နိုင်မှာမဟုတ်ဘူးလေ၊ ဒီကိစ္စက ချင်းပြည်နယ်အရေးတစ်ခုတည်းမဟုတ်တော့ဘူး ပြည်ထောင်စု တစ်ခုလုံးအတိုင်း အတာနဲ့ဖြစ်လာမယ့်ကိစ္စဆိုတော့လေ သူတို့ရဲ့သဘောထားတွေ ကိုတောင်းခံသွားဖို့ပါ’’ ဟု ပူးဂင်ကမ်းလျန်ကပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လံညီလာခံ တွင် နိုင်ငံရေးပါတီအားလုံးကို ပါ၀င်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အနည်း ဆုံးတစ်ဦးရွေးချယ်ခံခဲ့ရသော နိုင်ငံရေးပါတီများကိုသာ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ပြုမည်ဟုပြောဆိုခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှလွဲပြီး ချင်းနိုင်ငံရေးပါတီအားလုံးသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှရွေးချယ်ခံခဲ့ရခြင်းမရှိသည့်အတွက် ၂၁ ရာစုပင်လုံညီလာခံတွင် တက်ရောက်ခွင့်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ZCD ပါတီက ၎င်းတို့၏ သဘောဆန္ဒများကို တောင်းခံကာ ၂၁ ရာစုပင်လုံညီလာခံကျင်းပသည့်အချိန်တွင် တင်ပြသွားမည် ဟု ဦးဂင်ကမ်းလျန်က ပြောသည်။

ပူးကျင်ရှင်းထန် ဦးဆောင်သော ZCD ပါတီသည့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ်မြေ ၆ နေရာမှာ အနိုင်ရရှိခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...