ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုကီးယားမြို့နယ် ဘာလုခါလီ ဒုက္ခသည်စခန်းအား ညဥ့်အချိန် ၀င်ရောက် လာပြီး သေနတ်ဖြင့် ပစ်ခတ်သူ ဘင်္ဂလီ အကြမ်းဖက်သမားနှစ်ဦးကို သေနတ် ၂ လက်နှင့် အတူ ဖမ်းမိသည်ဟု သတင်းရရှိသည်။
ဖမ်းမိသူ နှစ်ဦးမှာ Nurul Boshor and Elias တို့ဖြစ်ကြသည်ဟု သိရသည်။
သူတို့သည် ယမန်နေ့ ညဥ့် ၁၁ နာရီ ၃၀ မိနစ်တွင် စခန်းတွင်းသို့ ၀င်ရောက်ရန် ကြိုးစားရာမှ စခန်းအား စောင့်နေသူများက တားမြစ်ရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စခန်းအတွက် အလုပ်လုပ်ကိုင်နေသည့် ၅ ဦးကို ဒဏ်ရာ ရရှိခဲ့သည်ဟု The Daily Star တွင် ဖော်ပြထားသည်။

(ဓာတ်ပုံ- ဖမ်းဆီးရမိသူ နှစ်ဦး / ဖေစ့်ဘုတ်Shahadat Hussen Jewel)
စခန်းနေသူများမှ ၀ိုင်းဖမ်းရာ Nurul Boshor and Elias ကို ရိုင်ဖယ် ခေါင်းတုံးနှစ်လက်၊ ယမ်းတောင့်များနှင့် အတူ ဖမ်းမိပြီးရဲကို အပ်လိုက်သည်ဟု သတင်းတွင် ဖော်ပြသည်။
ဘာလုခါလီ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ခေါင်းဆောင် Lalu Majhi က ရန်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်အဖွဲ့မှ သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ဒေသသတင်းများအရ သေနတ်ပစ်ခတ်သူ အကြမ်းဖက်သမားများမှာ အယ်လ်ယာကိန်း Harakah al-Yaqin အဖွဲ့မှ ဖြစ်ကြောင်း ဖော်ပြပြီး ၎င်းအဖွဲ့ကို လက်ရှိ ARSA ဟု အမည်ပြောင်းထားသည်။
ဒဏ်ရာရသူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦးမှာ Moshtak, Sharif, Jashimuddin and Shahed တို့ ဖြစ်ကြပြီး ၎င်းတို့မှာ နည်းပညာကျွမ်းကျင်သူများဖြစ်ကြသည်။







