ပေါက်တောမြို့နယ်တွင် တူမီးသေနတ်လုပ်သူတစ်ဦးနှင့် ကိုင်ဆောင်သူနှစ်ဦးကို ရဲက ဖမ်းဆီး

ပေါက်တောမြို့နယ်တွင် တူမီးသေနတ်လုပ်သူတစ်ဦးနှင့် ကိုင်ဆောင်သူနှစ်ဦးကို ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် တူမီးသေနတ်လုပ်သူ တစ်ဦးနှင့် တူမီး သေနတ် လက်ဝယ်ပိုင်ဆိုင်သူ နှစ်ဦးတို့ကို ပေါက်တောမြို့ မြို့မစခန်းမှ အောက်တိုဘာလ ၂၅ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာမှ တူမီးသေနတ်လုပ်သူ ဦးစိန်သောင်းရွှေ (၄၇) နှစ် ၊ ပေါက်တောမြို့နယ် သဲတွေ ကျေးရွာမှ တူမီးသေနတ်နှင့်အတူ ဖမ်းဆီးခံရသူနှစ်ဦးမှာ ဗဂျင်းချေ (ခ) ဦးသိန်းစိုးမောင် (၄၅) နှစ်နှင့် ဦးသာထွန်း (၅၈) နှစ် (ဘ) ဦးကောင်းထွန်းဖြူ တို့ဖြစ်ကြောင်းသိရသည်။

“အထက်ညွှန်ကြားချက်အရ ကျောက်တောင်ကျေးရွာကို ကျနော် မြို့နယ်မှူးက တာဝန်ယူသွားရောက်ပြီး၊ သဲတွေကျေးရွာကိုတော့ စခန်းမှူးက တာဝန်ယူ သွားရောက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်”ဟု ပေါက်မြို့မ စခန်းမှ မြို့နယ်မှူး ရဲမှူး စောတင်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ယင်းသို့ ဖမ်းဆီးရာတွင် ကျောက်တောင်ကျေးရွာမှ ဦးစိန်သောင်းရွှေကို သေနတ် လုပ်သည့် သက်သေခံပစ္စည်းများဖြစ်သည့် ပေခုံ၊ သေနတ်ပြောင်း၊ ယမ်းတောင့်နှင့် ယမ်းတောင့် အခွံများနှင့်လည်းကောင်း၊ ဗဂျင်းချေ (ခ) ဦးသိန်းစိုးမောင်ကို တူမီးသေနတ် တစ်လက်နှင့်အတူ ယမ်းတောင့် ၃ တောင့်နှင့် ယမ်းထုပ် ၃ ထုပ်ဖြင့်လည်းကောင်း၊ ဦးသာထွန်းကို တူမီးသေနတ် တစ်လက်နှင့် အတူ ဖမ်းဆီးမိခဲ့သည်ဟု ပေါက်တောမြို့မစခန်းမှ မြို့နယ်မှူး ရဲမှူး စောတင်က ဆိုသည်။

အဆိုပါဖမ်းဆီးခံရသူများကို မြေပုံမြို့နယ် ထူးချေကျေးရွာမှ တူမီးသေနတ်နှင့်အတူ မြေပုံမြို့တွင် ဖမ်းဆီးခံထားရသူ ကိုစောသိန်းချေ၏ ထွက်ဆိုချက်အရ ပေါက်တော မြို့မရဲစခန်းမှ တာဝန်ယူ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူတို့ကို ပေါက်တောမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကာ ၃ ဦးစလုံးကို လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...