မန္တလေးတွင် ဘုန်းကြီးကျောင်း ၂ကျောင်းမှ လိုင်စင်မဲ့ကား ၃၆ စီးဖမ်းမိ

မန္တလေးတွင် ဘုန်းကြီးကျောင်း ၂ကျောင်းမှ လိုင်စင်မဲ့ကား ၃၆ စီးဖမ်းမိ
by -
မဇ္စျိမ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၂)ကျောင်းမှ လိုင်စင်မဲ့ကား ၃၆ စီးအား ဇွန်လ ၂၀ ရက် နံနက် ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်မှူး ဒုရဲမှူး မြင့်ဇော်နိုင်က ပြော သည်။

"သတင်းရတာက မနေ့ကတည်းကပဲ။ ကားတွေက ဘုန်းကြီးကျောင်းထဲမှာဆိုတော့ မြို့နယ် သံဃာ့နာယကတို့ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တို့နဲ့ ပူးပေါင်းဖမ်းစီးရမှာဖြစ်တဲ့ အတွက် ဒီနေ့မှ ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒီကားတွေကို ကျွန်တော် ကိုယ်တိုင်ပဲ ဝယ်မယ့်ပုံစံနဲ့ သွားရောက်ကြည့်ရှုခဲ့ပြီး ဖမ်းဆီးခဲ့တာပါ" ဟု ဒုရဲမှူးမြင့်ဇော်နိုင် က ပြောသည်။

aung koOo 1

အဆိုပါ ကားများထဲမှ ကား ၂၇ စီးအား ရ၈ လမ်း ဦးပွားဂုံးကျော် အနီးရှိ အောင်မြေရွှေဘုံဘုန်းကြီးကျောင်း အတွင်းမှ နံ နက် ၈ နာရီခန့် က ဖမ်းဆီးရမိခဲ့ပြီး ကျန် ၉ စီးကို နေ့လည် ၁၂ နာရီခန့်တွင် လေယာဉ်ကွင်းဟောင်း အနီးရှိ သာသနာ့ရံသီ အတုလကာရီ ကျောင်းတိုက်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ကားအမျိုးအစားများသည် အိမ်စီးကား အမျိုးအစားများဖြစ်ကြပြီး ပိုင်ရှင်မှာ မြဝတီမြို့ဘက်မှ ဦးကိုကြီး ဆိုသူဖြစ်ကြောင်း ဒုရဲမှူးမြင့်ဇော်နိုင်က ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် တရားခံမှာ ပိုင်ရှင်ဦးကိုကြီး၏ သားဖြစ်သူ ရဲထက်အောင်နှင့် အလုပ်သမားတစ်ဦးဖြစ်ကာ ကားများအား ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်လျှက် ရှိသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...