Published
Tuesday, June 21, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စယန်ဟီလီတို့ တွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီအား ဇွန်လ ၂၀ရက်၊ နံနက် ၉ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးကိစ္စရပ်များဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကိစ္စ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စ၊ စီးပွားရေး၊ လူမှုရေးအခွင့်အရေးများဆိုင်ရာကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံမှ ပါဝင်ရန် ကျန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များသို့ ဝင်ရောက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။








