တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နွားရုံတောင်ရွာသားများအကြား စိုးရိမ်မှုတိုးပွားနေ

တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နွားရုံတောင်ရွာသားများအကြား စိုးရိမ်မှုတိုးပွားနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာသားများ အနေဖြင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စိုးရိမ်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်ဟု သတင်း ရရှိသည်။

“ ကျွန်တော် အပါအဝင် ရပ်ရွာလူကြီးတွေကို ဇွန်လ ၁၁ ရက်နေ့ နေ့လယ်က ဘုန်းတော်ကြီးကျောင်းမှာ စခန်းချနေတဲ့ နယ်ခြားစောင့်တပ်က ခေါ်ပါတယ်။ ကျွန်တော်တို့ရွာထဲမှ ဟိုဘက်ကလာတဲ့သူတွေကို လက်ခံထားတယ်ဆိုပြီး စွပ်စွဲပါတယ်။ သူတို့ကို ရွာထဲက နှင်ထုတ်ဖို့နဲ့ မဟုတ်ရင် သူတို့လက်ကို အပ်ဖို့ ပြောပါတယ်။ တစ်ယောက်ချင်းလည်း လာလို့ သတင်းပို့နိုင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တောသူတောင်သားတွေ ဖြစ်တဲ့ အတွက် ဟိုဘက်က လာတဲ့သူ ဘယ်သူ့ကိုမှ လက်ခံထားတာ မရှိဘူးလို့ ပြန်ပြောခဲ့ပါတယ်။ ခုလို ရွာသားတွေကို အာဏာပိုင်တွေက သံသယဝင်နေတဲ့ အတွက် တစ်ရွာလုံးက စိုးရိမ်နေကြပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နွားရုံတောင်ကျေးရွာ အနီးရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့ စခန်းအား AA အဖွဲ့က ၀င်ရောက် တိုက်ခိုက်သွားကြောင်း၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာ ရရှိသွားပြီး စေတီတောင် တိုက်နယ် ဆေးရုံတွင် တင်ထားရကြောင်း၊ ယင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် စခန်းကို စွန့်လွှတ်ပြီး ဘုန်းတော်ကြီး ကျောင်းသင်ခန်းတွင် စခန်းချတည်းခိုနေကြောင်း၊ ယခုအခါ တပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း စခန်းချထားကြောင်း သိရသည်။

“ ကျွန်တော်တို့ ရွာသားတွေကို ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ရွာပြင် ထွက်ခွင့် ပိတ်ပင်ထားပါတယ်။ ည ၉ နာရီဆိုရင်လည်း အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ရဘူးလို့ ပြောထားတာ ရှိပါတယ်။ အခု ရွာသားတွေ တော်တော် အခက်အခဲ ရှိနေပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ညဥ့်အချိန်ကလည်း ရွာ ဘုန်းတော်ကြီးကျောင်းမှ သေနတ် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ မည်သည့် အတွက်ကြောင့် ပစ်ခတ်သည်ကို မသိရှိရကြောင်း ရပ်ရွာ လူကြီး တစ်ဦးကလည်း ပြောသည်။

13413565 1210561618955913 8948635515589938099 n

ဇွန်လ ၁၁ ရက်နေ့ ညနေ ရ နာရီခန့်က နွားရုံတောင်ကျေးရွာသို့ ဆက်သွယ်ရာ ရွာထဲက အမျိုးသမီး တစ်ဦးက ရွာသားများမှာ အထူးစိုးရိမ်နေကြကြောင်း၊ ရွာသား အများစုမှာ ထမင်းမစားနိုင်ဘဲ ဖြစ်နေကြောင်း၊ ဘူးသီးတောင်မြို့မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းထွန်းသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းပိတ်ထားကြောင်း၊ ရွာထဲတွင် တိုက်ပွဲ ဖြစ်ပွားက ရွာကိုလက်နက်ကြီးနှင့် ပစ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် အထူးစိုရိမ်နေကြကြောင်း၊ ရွာသားများကိုလည်း ရွာထဲတွင် မနေကြရန်- တစ်ခြားသို့ ထွက်သွားကြရန် နယ်ခြားစောင့်တပ်က ပြောထားသည်ဟု သတင်းများ ပျံ့နေသဖြင့် အထူးစိုးရိမ်နေကြောင်း ပြောကြားသည်။

ယခုလို အခြေအနေများ ဖြစ်ပွားနေသော ဘူးသီးတောင်မြို့နယ် နွားရုံတောင် ကျေးရွာသို့ အစိုးရ အထက်လူကြီးများ၊ ရခိုင်နိုင်ငံရေး ပါတီမှ လူကြီးများ အမြန်ဆုံး လာရောက် ဖြေရှင်း ပေးစေလိုသည်ဟု ရွာသားများက ပြောသည်။

 နွားရုံတောင် ရွာထဲတွင် ကပ်ထားသော ဆိုင်းဘုတ်တစ်ခုနှင့် ရွာလှေဆိပ် အဝင်လမ်း

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...