တောင်ကုတ်တွင် ရေစီးနှင့်မျောပါ၍ အမျိုးသမီး ၄ ဦးသေဆုံး

တောင်ကုတ်တွင် ရေစီးနှင့်မျောပါ၍ အမျိုးသမီး ၄ ဦးသေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ရေစီးနှင့်မျောပါ၍ အမျိုးသမီး ၄ ဦးသေဆုံးသွားကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုသည်။

ယခုသေဆုံးသွားသူများမှာ တောင်ကုတ်မြို့နယ် ဝက်ကျိတ်ကျေးရွာအုပ်စုရှိ ဝက်ကျိတ်ကျေးရွာမှ ဒေါ်ဖြူဖြူဝင်း (၄၂ နှစ်)၊ မချိုချိုစန်း(ခ) ဇီးကွက်မ (၂ဝ နှစ်)၊ မဖြူဖြူလွင် (ခ) မပေါက်စ (၃၇ နှစ်)နှင့် မဥမ္မာကျော်ဇင် (၁၉ နှစ်)တို့ဖြစ်ကြသည်။

သူတို့သည် ရေကြီးစဉ် တစ်ဦးလက်ကို တစ်ဦးကိုင်ပြီး ရေစီးကို ဖြတ်ပြီး စျေးဝယ်သွားရာမှ ရေစီးနှင့် အတူ မျောပါသွားပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

“ကျနော်တို့သိတာက သူတို့က အိမ်ရေမြုပ်လို့ တခြားတစ်နေရာကို သွားကြတဲ့အခါ အခုလို ရေနဲ့မျောပါသေဆုံးသွားတာလို့သိရပါတယ်။ ဒီအမှုကို ကျနော်တို့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်”ဟု တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိက အတည်ပြုပြောဆိုသည်။

ယခုဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့က တောင်ကုတ်မြို့နယ်တွင်း မိုးသည်းထန်ပြီး ရေလျှံနေစဉ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများ၏အလောင်းများကို ဇွန်လ ၁၂ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအနီး၌ ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...