အမေရိကန်တွင် တိုင်းရင်းသား ချစ်ကြည်ရေး ဘော်လုံးပွဲနှင့် စစ်ဘေးရှောင်ရန်ပုံငွေ စျေးရောင်းပွဲတော်ကျင်းပ

အမေရိကန်တွင် တိုင်းရင်းသား ချစ်ကြည်ရေး ဘော်လုံးပွဲနှင့် စစ်ဘေးရှောင်ရန်ပုံငွေ စျေးရောင်းပွဲတော်ကျင်းပ
by -
နိရဥ္စရာ
ဒုတိယအကြိမ်မြောက် ရခိုင်တိုင်းရင်သား ချစ်ကြည်ရေး ဘောလုံးပွဲကို အမေရိကန် ပြည်ထောင်စု အိုင်အိုဝါ Iowa ပြည်နယ် Des Moines မြို့တွင် ဇွန်လ ၁၁ ရက်နေ့က စတင်ကျင်းပရာ  ရခိုင်စစ်ပြေး ဒုက္ခသည် ကူညီရေး အတွက် ရန်ပုံငွေ စျေးရောင်းပွဲတော် တစ်ခုကိုလည်း ဘော်လုံးပွဲနှင့် အတူ ပူးတွဲကျင်းပ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

“ ဒီဘော်လုံးပွဲကို အမေရိကန်ရောက် မြန်မာတိုင်းရင်းသားကြား ချစ်ကြည်ရင်းနှီးမူကို အခြေခံပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ကျင်းပတဲ့ ချစ်ကြည်ရေးဘောလုံးပွဲသို့ Des  Moines မြို့မှာ နေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသား ၄၀၀ နီးပါးခန့်လာရောက်ပြီး အားပေးနေပါတယ်” ဟု ကိုခိုင်ထွန်းက ပွဲစတင် ကျင်းပနေသည့် နေ့ ဇွန်လ ၁၁ ရက်နေ့က နိရဥ္စရာသို့ ပြောကြားသည်။

ချစ်ကြည်ရေး ဘော်လုံးပွဲတော်တွင် ရခိုင်စစ်ပြေးရှောင် ဒုက္ခသည်များအတွက် စျေးရောင်းပွဲတော် တစ်ခုကိုလည်း ထည့်သွင်းပြုလုပ်နေပြီး ရခိုင်အစားအစာများ ဖြစ်ကြသော ရခိုင်မုန့်တီ၊ ကောက်ညှင်း ကြက်ကြော်နှင့် အခြားစားဖွယ်ရာများကိုလည်း ရောင်းချပေးနေသည်ဟု သိရသည်။

“ အဓိက ဒီစျေးရောင်းပွဲတော်ကို ပြုလုပ်ရတာက စစ်ဘေးသင့်ဒေသက ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် တွေကို ကူညီလိုတဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ငွေတွေအကုန်လုံးကို ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” ဟု စျေးရောင်းပွဲ စီစဉ်သူ ကိုထွန်းတင်မှ ပြောသည်။

USA 4

ဘော်လုံးပွဲတွင် တိုင်းရင်းသား လူမျိုးများကို ကိုယ်စားပြုအသင်း ၁၉ သင်း ပါ၀င် ယှဉ်ပြိုင်ကစားနေကြပြီး ပါ၀င်သော တိုင်းရင်းသားများမှာ ကရင်၊ကယား၊ ချင်း၊ ဗမာ၊ ရှမ်း၊ မွန်နှင့် ရခိုင် တို့ ဖြစ်ကြသည်ဟု သိရသည်။

ချစ်ကြည်ရင်းနှီးရေး ဘော်လုံးပွဲကို ဇွန်လ ၁၁ ရက်မှ ၁၂ ရက်နေ့ထိ ၂ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...