မီဇိုရမ်တွင် ရူပီး သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရွှေပြား ချင်းအမျိုးသားနှစ်ဦးထံ ဖမ်းမိ

မီဇိုရမ်တွင် ရူပီး သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရွှေပြား ချင်းအမျိုးသားနှစ်ဦးထံ ဖမ်းမိ
by -
ခိုနူမ်းထုန်
အိန္ဒိယပြည်မဘက်ကို တင်ပို့မည့် ရူပီးသိန်း ၂၃၀ ကျော်တန်ဖိုးရှိ ရွှေပြား(၄၆)ပြားကို မြန်မာနိုင်ငံသား ချင်း အမျိူးသား ၂ ဦးထံ ဇွန်လ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်တွင် ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့သည် ဟုသိရသည်။

 မီဇိုရမ်ပြည်နယ် Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မှ ဂိုဟာတီ မြို့ဘက်သို့ ပြေးဆွဲသော NETWORK မှန်လုံးကာတစ်စီးကို မြို့ပြင် Rangvamual ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ 7.659 ကီလိုဂရမ် အလေးချိန်ရှိ ရွှေပြား (၄၆) ပြားကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 အဆိုပါ ရွှေပြားနှင့်အတူ ပိုင်ရှင်ယူဆရသော ကလေးမြို့တွင် နေထိုင်သူ ချင်းအမျိုးသားနှစ်ဦးဖြစ်သည့် U Thang Zom Mang (29) နှင့် U Man Jay (24) တို့ကိုပါ ဖမ်းဆီးခဲ့ပြီး 02/CL/IMP/CUS/ASAAIZ/2016-17 ပုဒ်မဖြင့် အမှုဖွင့်အရေးယူထား သည်ဟုသိရသည်။

 ယင်းရွှေပြားများကို မြန်မာနိုင်ငံမှ ဝယ်ယူပြီး အိန္ဒိယနိုင်ငံ ပြည်မမြို့သို့ ရောင်းချရန်ဖြစ်ကြောင်း၊ ရွှေပြားများကို ခရီးစောင်အိတ် နှင့် ဘွတ်ဖိနပ်အောက်တွင် ဖွတ်ပြီး သယ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

 အလားတူ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာ သော ရူပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးကို မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...