မီဇိုရမ်ပြည်နယ် Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မှ ဂိုဟာတီ မြို့ဘက်သို့ ပြေးဆွဲသော NETWORK မှန်လုံးကာတစ်စီးကို မြို့ပြင် Rangvamual ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ 7.659 ကီလိုဂရမ် အလေးချိန်ရှိ ရွှေပြား (၄၆) ပြားကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွှေပြားနှင့်အတူ ပိုင်ရှင်ယူဆရသော ကလေးမြို့တွင် နေထိုင်သူ ချင်းအမျိုးသားနှစ်ဦးဖြစ်သည့် U Thang Zom Mang (29) နှင့် U Man Jay (24) တို့ကိုပါ ဖမ်းဆီးခဲ့ပြီး 02/CL/IMP/CUS/ASAAIZ/2016-17 ပုဒ်မဖြင့် အမှုဖွင့်အရေးယူထား သည်ဟုသိရသည်။
ယင်းရွှေပြားများကို မြန်မာနိုင်ငံမှ ဝယ်ယူပြီး အိန္ဒိယနိုင်ငံ ပြည်မမြို့သို့ ရောင်းချရန်ဖြစ်ကြောင်း၊ ရွှေပြားများကို ခရီးစောင်အိတ် နှင့် ဘွတ်ဖိနပ်အောက်တွင် ဖွတ်ပြီး သယ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာ သော ရူပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးကို မီဇိုရမ်ပြည်နယ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။







