မင်းပြားမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ် အိမ်ခြေ ၃၀ ကျော် ပျက်စီး

မင်းပြားမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ် အိမ်ခြေ ၃၀ ကျော် ပျက်စီး
ရခိုင်ပြည်နယ်မင်းပြားမြို့ ကျောက်ခုတ်ကျေးရွာတွင် ဇွန်လ ၉ ရက် ယနေ့ နေ့လယ် ၁၂ နာရီ ခန့်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အိမ်ခြေ ၃၄ ဆောင်ပျက်စီးသွားခဲ့သည်။

လေဆင်နှာမောင်း တိုက်ခတ်၍ နေအိမ်ပျက်စီးသွားတဲ့ အိမ်ပိုင် ရှင် ဦးအောင်သိန်းမြက “ နေ့လယ် ၁၂ နာရီခန့် က တိုက်ခတ်သွာတာပါ။ အကုန်ပျက်စီးသွားပါတယ်။ ကျွန်တော်တို့ အခုနီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ နေထိုင် နေရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၁၆၀ ကျော်ခန့်  အိုးမဲ့အိမ်မဲ ဖြစ်သွားပြီး နီးစပ်ရာ နေအိမ်များတွင် ဖြစ်သလို နေထိုင်နေကြရပြီး အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သူက ဆက်လက် ပြောဆိုသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် (၁၁) နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

House demaged in Min Bya

“ကျွန်တော်တို့ မင်းပြားဒေသခံ လူမှုကူညီရေးအဖွဲ့ အစည်းတွေ အနေနဲ့ မနက်ဖန်သွားရောက် ကူညီ ထောက်ပံ့ပေးဖို့စီစဉ်ထားပါတယ်၊ တာဝန်ရှိတဲ့ မြို့နယ် အာဏာပိုင်တွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ ပြောလိုပါတယ်” ဟု မင်းပြားမြို့ လူမှုကူညီရေးမှ ဦးသိန်စံက နိရဥ္စရာသို့ပြောသည်။

သူတို့အတွက် ဆန်ရိက္ခာနှင့် ဆေးဝါးများ အပါအဝင် ကျန်းမာရေး ၀န်ထမ်းများ အရေးပေါ် လိုအပ်နေကြောင်း ရွာသားများက ပြောသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...