ကျောက်ဖြူတွင် KG တန်းတက်နေသော ကလေးငယ်နှစ်ဦး ဆိုင်ကယ်တိုက်ခံရရာမှ တစ်ဦးသေဆုံး

ကျောက်ဖြူတွင် KG တန်းတက်နေသော ကလေးငယ်နှစ်ဦး ဆိုင်ကယ်တိုက်ခံရရာမှ တစ်ဦးသေဆုံး
ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ထိန်တွေရပ်ကွက်မှ KGတန်းတက်နေသော ကျောင်းသူနှစ်ဦး ဇွန်လ ရ ရက် နေ့လည်(၂)နာရီခန့်က ဆိုင်ကယ်တိုက်ခံရ၍ တစ်ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်အတိုက်ခံရသော KG တန်းတက်နေသူ ကလေးနှစ်ဦးမှာ စနဲမြို့၊ ထိန်တွေရပ်ကွက်မှ ဦးစိန်ကျော်အေး ၏ သမီး မဆောင်းမြတ်သဇင်ဌေး (၆)နှစ်နှင့် ဦးမောင်ဆန်းဝင်း၏သမီး မဆန်းဝတီလှိုင် (၇)နှစ်တို့ ဖြစ်သည်။

စနဲမြို့၊ ထိန်တွေရပ်ကွက်နေအိမ်ဘက်မှ ကျောင်းဘက်သို့ လမ်းဖြတ်ကူးစဉ် စနဲဘက်မှ မအီဘက်သို့ မောင်းလာသော နက်ပြာရောင် ဆိုင်ကယ်နံပတ်  YIN YING 110  ၏ တိုက်ခံရမှုကြောင့် မဆောင်းမြတ် သဇင်ဌေးသည် နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားပြီး မဆန်းဝတီလှိုင်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကာ ဆေးရုံ တက်ကုသမှုခံယူနေရကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရက်ပင်ဆိတ်ကျေးရွာမှ ကျော်ဝင်း အသက်(၄၀)နှစ်နှင့် ဆိုင်ကယ်နောက်တွင် ထိုင်၍ပါလာသော ကျော်ကျော်မောင် အသက်(၃၃)နှစ်တို့ ဖြစ်ကြသည်။

ဆိုင်ကယ်တိုက်မှုမှာ စနဲမြို့  ထိန်တွေရပ်ကွက်အနီး ကျောက်ဖြူ-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၈၂/၂ တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စနဲရဲစခန်းမှသိရသည်။

သေဆုံးသွားသူ မဆောင်းမြတ်သဇင်ဌေးတွင် မေးစေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ နားနှစ်ဘက်စလုံး သွေးထွက်ဒဏ်ရာရရှိ၊ ဦးခေါင်းဝဲဘက်ဝဲဘက်အထက်တွင်ပေါက်ပြဲဒဏ်ရာ(၁)ချက်နှင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားပြီး မဆန်းဝတီလှိုင်တွင်ညာဘက်ဦးခေါင်းတွင်ဒဏ်ရာ(၁)ချက်၊ ဘယ်ဘက် ဒူးပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ ညာဘက်ချေအုံးအောက်ပွန်းပဲ့ဒဏ်ရာ(၁)ရရှိသွားပြီး ကျောက်ဖြူဆေးရုံတွင် ကုသမှု ခံယူနေကြောင်းသိရသည်။

ဆိုင်ကယ်ပေါ့ဆစွာမောင်းနှင်သူ ကျော်ဝင်းအား ဖမ်းဆီးထားပြီး စနဲရဲကင်းစခန်းမှူး ရဲအုပ်ဝင်းလွင်မှ တရားလိုလုပ်တိုင်တန်းထားသည်။

အဆိုပါအခင်းဖြစ်စဉ်အား မမစ(ကဖ)ယဉ်(ပ)၃၂/၁၆၊ ပြစ်မှုပုဒ်မ-၃၀၄-ကဖြင့် အမှုဖွင့်ပြီး စနဲရဲကင်းစခန်းမှူး ရဲအုပ်ဝင်းလွင်မှ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် ဆိုင်ကယ် မတော်တဆတိုက်မှုကြောင့် သေဆုံးမှု မြင့်မားနေရာ ဆိုင်ကယ်မောင်းသူများကို ယာဉ် စည်းကမ်း၊ လမ်းစည်ကမ်းများနှင့် ဆိုင်ကယ်မောင်းသူတစ်ဦး၏ လိုက်နာရမည့် စည်းကမ်းများကို သက်ဆိုင်ရာမှ မဖြစ်မနေ သင်ကြားပို့ချပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...