တက္ကသိုလ်ဝင်တန်းအောင်စာရင်း ရခိုင်ပြည်နယ် စာစစ်ဌာန အသီးသီးတွင် ဇွန်လ ၁၁ ရက် နံနက် ၆ နာရီမှ စတင် ကြေညာမည်

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ရခိုင်ပြည်နယ် စာစစ်ဌာန အသီးသီးတွင် ဇွန်လ ၁၁ ရက် နံနက် ၆ နာရီမှ စတင် ကြေညာမည်
ရခိုင်ပြည်နယ်မှ နှစ်စဉ် ၆ ဘာသာ ဂုဏ်ထူးရှင်များကို မွေးထုတ်ပေးရာ စစ်တွေ အထက (၂) ကို ယခုနှစ်ဇွန်လ ၁ ရက် ကျောင်းဖွင့်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ်မှ နှစ်စဉ် ၆ ဘာသာ ဂုဏ်ထူးရှင်များကို မွေးထုတ်ပေးရာ စစ်တွေ အထက (၂) ကို ယခုနှစ်ဇွန်လ ၁ ရက် ကျောင်းဖွင့်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ်မှ တက္ကသိုလ် ၀င်တန်း အောင်စာရင်းကို မြို့နယ် အသီးသီးရှိ အထက်တန်းကျောင်းများ၊ စာစစ်ဌာနများတွင် ဇွန်လ ၁၁ ရက်နေ့ နံနက် (၆) နာရီမှ စတင်ကာ ကျောင်းကြေညာသင်ပုန်းများတွင် ကပ်ပြီး ထုတ်ပြန်ပေးသွားမည်ဟု ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်သာက နိရဥ္စရာသို့ ပြောသည်။

“ ဆယ်တန်းအောင်စာရင်းတွေက အခု မြို့နယ် ပညာရေးမှူးတွေဆီကို ရောက်သွားပါပြီ။ စစ်တွေ ပြည်နယ်ပညာရေးမှူးရုံးကနေ ပို့လိုက်ပါပြီ။ မနက်ဖြန် နံနက် ၆ နာရီ တိတိ အချိန်မှာ သက်ဆိုင်ရာ မြို့နယ် အထက်တန်းကျောင်းတွေနဲ့ စာစစ်ဌာနတွေ က ကျောင်းကြေညာ သင်ပုန်းတွေမှာ ကပ်ပြီး အောင်စာရင်းကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျား ၁၆၇၇၈ ဦးရှိပြီး မ ၁၈၀၄၄ ဦးရှိကာ စုစုပေါင်း ကျောင်းသား/သူ ၃၄၈၂၂ ဦးရှိကြောင်း ပြည်နယ် ပညာရေး လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...