စစ်ဘေးရှောင်များသို့ ကူညီငွေ ကျပ် ၈၇၆ သိန်းအား ရခိုင်ပြည်နယ် အစိုးရမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်

စစ်ဘေးရှောင်များသို့ ကူညီငွေ ကျပ် ၈၇၆ သိန်းအား ရခိုင်ပြည်နယ် အစိုးရမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်
စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရခိုင်ပြည်နယ် အစိုးရမှ ကူညီသည့် ကျပ် ၈၇၆ သိန်းအား ပြည်နယ် အစိုးရ တာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ အသီးသီး လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

၎င်းငွေများကို မေလ ၃၀ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံကာ လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။

ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် တိုက်ပွဲရှောင်များကို ကူညီပံ့ပိုးမှုများ ပြုလုပ်နေကြောင်း၊ ၎င်းပြင် မိမိနေရပ်သို့ ပြန်လိုသူများကိုလည်း အဆင်ပြေစွာပြန်နိုင်ရန်နှင့် နေရာဟောင်းတွင် အဆင်ပြေစွာ နေနိုင်အောင် ကူညီပေးနေကြောင်း တွေ့ဆုံပွဲတွင် ပြောကြားသည်။

မပြန်ချင်သေးသည့်သူများကိုလည်း ယာယီနေအိမ်များ ဆောက်လုပ်ပေးပြီး အေးချမ်းစွာနေနိုင်အောင် ကူညီဆောင်ရွက်နေကြာင်း သူက ပြောကြားသည်။

“ မပြန်ချင်သေး တဲ့သူတွေကိုလည်း ယာယီနေအိမ်တွေဆောက်လုပ်ပေးပြီး အေးချမ်းစွာ နေနိုင်အောင် ဆောင်ရွက်ပေးပ့ါမယ်။  အခု ဆောက်လုပ် မယ့်စာ သင် ကျောင်းတွေကိုလည်း သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေး မှူးတွေအနေနဲ့ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဦးစီးဦး ဆောင်ဆောင် လုပ်ကြဖို့နဲ့  အစိုးရအဖွဲ့ရဲ့ ထောက်ပံ့ ငွေတွေ ကိုလည်း ကိုယ်တိုင် ကိုယ်ကျသွားရောက် ကူညီကြဖို့ လိုပါတယ်”ဟု ဆွေးနွေးပွဲတွင် ဆက်လက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနဲ့ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်မှ “ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်တွေကို ယာယီနေအိမ် အဖြစ် ဆောက်လုပ်ဖို့ တစ်အိမ်ထောင်ကို ကျပ် ၂ သိန်းနှုန်း အိမ်ထောင်စု ၃၈၅ ကို  ကျပ်သိန်းပေါင်း ရ၇ဝ နဲ့ ယာယီစာသင်ကျောင်း ၅ ကျောင်းအတွက် ကျပ်သိန်း ၁၀၀  ထောက်ပံ့ပေးတာပါ” ဟု နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ကစတင်ကာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သဖြင့် တိုက်ပွဲများမှ ကြောက်၍ ထွက်ပြေးလာသူ စစ်ရှောင်ဒုက္ခသည်  ၂၀၀၀ နီးပါးခန့် ရှိကြောင်း သိရသည်။

ရခိုင်တိုက်ပွဲကြောင့်  ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာခဲ့ရပြီး မေလ ၂၈ ရက်နေ့အထိ တိုက်ပွဲရှောင်အိမ် ထောင်စု စုစုပေါင်း ၃၈၈ စုရှိပြီး ဖြစ်ရာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၆၉ စု၊ ရသေ့တောင်မြို့နယ်တွင် ၁၂၆ စု၊ ကျောက်တောမြို့နယ်တွင် ၈၈ စုနှင့် ဘူးသီးတောင်မြို့နယ်တွင် ၁၀၅ စုတို့ရှိကြောင်းသိရသည်။

လတ်တလော ပညာသင်ကြားနိုင်ရန်အတွက် ပေ ၃ဝ၊ ပေ ၂ဝ ယာယီ ကျောင်းဆောင်များကို ကျောက်တော်မြို့နယ် င/စရိုင်းကိုင်းကျေးရွာ၊ ပညာဝကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းနှင့်  ဖားကြွယ်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတို့တွင် တစ်ဆောင်လျှင် ကျပ် သိန်း ၂ဝ စီဖြင့် ကျပ်သိန်း ၁ဝဝ အကုန်အကျခံကာ  ပြည်နယ်အစိုးရမှ တည်ဆောက်ပေးသွားမည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...