ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည်
by -
မဇ္စျိမ
ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အား နုုိင်ငံတော်အတုုိင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည်နှင့် တွေ့ဆုံု မည်ဆုုိပါက ကြိုဆုုိကြောင်း အစုုိးရဘက်မှ ဖိတ်ခေါ်သောစာကို လက်ခံရရှိကြောင်း UNFC က ပြောသည်။

ဇွန်လ ၁၂ ရက် ရက်စွဲဖြင့် UNFC ဥက္ကဋ္ဌ ဗုုိလ်ချုပ်ကြီး အင်ဘန်လ ထံ လိပ်မူ၍ ဖိတ်ခေါ်သည့်စာ ပေးပို့ခဲ့ကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

“UNFC ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကုုိယ်စားလှယ်အဖွဲ့လာ မယ်ဆုုိရင် နုုိင်ငံတော် အတုုိင်ပင်ခံ လက်ခံတွေ့ဆုံုဖိုု့ ရှိပါတယ်။ ကြို ဆုုိတယ် ဆုုိတဲ့ အကြောင်း၊ နောက်ပြီးတော့ ကြိုတင်ပြင်ဆင်ဖိုု့အတွက် DPN အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးမယ် ဆုုိရင်လည်း ကြိုဆုုိတယ် ဆုုိတဲ့ အကြောင်း ပါတယ်။ ဒီလုုိတွေ့ဆုံုနုုိင်ဖုုိ့အတွက် အဆင်ပြေမယ့်အချိန်ကုုိ သူတုုိ့ ပြန်စဉ်းစားခုုိင်း တယ်ပေါ့လေ”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

သူက ဆက်လက်ပြီး “ကျနော်တုုိ့ကတော့ ကြိုတင်ပြင်ဆင်မှု လုုပ်ဆောင်မှု မတုုိင်ခင်မှာ ပထမဦးဆုံုး ချင်းမုုိင်မှာ တွေ့တုုန်း ကျနော်တုုိ့ဘက်က မေးမြန်းထားတဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်လေ။ အဲဒီမေးမြန်းထားတဲ့ အကြောင်း အရင်းတွေကုုိ သူတုုိ့ဘက်က ကျနော်တိုု့ကုုိ တရားဝင် ပထမဆုံုး အရင်ရှင်းလင်းပြန်ကြားဖိုု့ လုုိတယ်လုုိ့ ကျနော်တုုိ့ဘက်က ထင်တယ်။ အဲဒီဟာတွေ ရှင်းလင်းပြန်ကြားဖုုိ့ မရဘဲနဲ့တော့ ရှေ့ဆက်မယ်ဆုုိတာကိုုတော့ ခုုနေအခါမှာ မစဉ်းစားသေးဘူးပေါ့နော်”ဟုု သူက ပြောသည်။

ဇွန်လ ၃ ရက်က ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုုပင်လုံု အကြိုပြင် ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့ကUNFC မှ နုုိင်ငံရေး ဆုုိင်ရာညှိနှိုင်းရေးကုုိယ်စားလှယ်အဖွဲ့ (DPN) နှင့် နှစ်ဖက် တွေ့ဆုံုဆွေးနွေးစဉ် နုုိင်ငံရေး မူဘောင် ပြန်လည် သုံုးသပ်သည့် ဆွေးနွေးပွဲသုုိ့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ယခုုထပ်မံ ဖိတ်ကြားလုုိက်ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံုဆွေးနွေးမှုတွင် DPN မှ မေးမြန်းခဲ့သည့်အချက်များအပေါ် အစိုုးရဘက်မှ တရားဝင် ပြန်လည် ရှင်းလင်း စေလုုိကြောင်းနှင့် ဖြစ်နုုိင်မည်ဆုုိပါက ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကုုိယ်စားလှယ်အဖွဲ့နှင့် DPN တုုိ့ နောက် တစ်ကြိမ် အလွှတ်သဘော ထပ်မံ တွေ့ဆုံုဆွေးနွေးလိုုကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် အစုုိးရထံသုုိ့ ပြန်လည် အကြောင်းပြန်လုုိက်သည်ဟုု ခူဦးရယ်က ပြော သည်။

DPN ကုုိယ်စားလှယ်များ မေးမြန်းထားသည့်အချက်များကုုိ ပြန်လည် ဖြေရှင်းခြင်း မရှိသေးပါက UNFC ဘက်မှ နုုိင်ငံရေး မူဘောင် ပြင်ဆင်ရေးကိစ္စအပေါ် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်တိုု့ NCA နဲ့ ပတ်သက်တာရယ်၊ မူဘောင်ပြင်ဆင်တာနဲ့ ပတ်သက်လုုိ့ ဘယ်လုုိ မူဘောင်အခြေခံ စဉ်းစား ချက်တွေ ပြင်မယ်လုုိ့ ပြောတာလဲ။ UPDJC နဲ့ ပတ်သက်တဲ့မေးခွန်းတွေ၊ ၂၁ ညီလာခံ လုုပ်မယ်ဆုုိရင် ဘယ်လုုိ အခြေခံနဲ့လုုပ်မှာလဲ။ ဘယ်လုုိ အကြောင်းအရာတွေ ဆွေးနွေးမှာလဲ။ နုုိင်ငံတော် အတုုိင် ပင်ခံကတော့ နုုိင်ငံရေးနဲ့ လုံုခြံုရေးကိစ္စဆွေးနွေးမယ်ဆုုိတဲ့ သဘောပေါ့နော်။ ဒါက ကျနော်တုုိ့ဘက်က ရှင်းရှင်းလင်းလင်း သိဖိုု့လုုိတယ်။ ကျနော်တုုိ့ဘက် ညှိနှိုင်းဆွေးနွေးတဲ့ ပုံုစံနဲ့ပဲသွားမယ်”ဟုု ခူဦးရယ်က ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အစိုးရနှင့် သဘောတူလက်မှတ်မရေးထိုးရသေးသော အဖွဲ့အစည်းဖြစ်သည်။

တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထုုိးသေးသော တုုိင်းရင်းသား လက်နက်ကုုိင်အဖွဲ့အစည်း အများဆုံုး ပါဝင်သော UNFC ကုုိ ၂၁ ရာစုုပင်လုံု ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲသုုိ့ တက်ရောက်ရန် ဒုုတိယအကြိမ် ထပ်မံ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...