အခွန်ခ ၅ ဆမြင့်တက်သွား သည့်အတွက် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးသူများ နည်းပါးနေ

အခွန်ခ ၅ ဆမြင့်တက်သွား သည့်အတွက် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးသူများ နည်းပါးနေ
by -
ကန္တာရဝတီတိုင်း(မ်)
ဆိုင်ကယ် လိုင်စင် သက်တမ်းတိုးပြုလုပ်ရာတွင် ကောက်ခံသည့် အခွန် နှုန်းထား ၅ဆ အထိမြင့်တက်လာမှုကြောင့် လိုင်စင်သက်တမ်းတိုးသူ များလာရောက်မှု နည်းပါးသွားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားရေးမှူး ဒေါ်စိုးစိုးဟတ်က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

“နောက်ပိုင်းမှာလည်း အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်မယ်လို့တော့မျော်လင့်ပါတယ်။ ကညန ကိုလည်း တက်တမ်းတိုးဖို့ မလာကြတော့ဘူးပေါ့နော်။”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟတ်က ပြောသည်။

ယခင်က ဆိုင်ကယ် လိုင်စင် သက်တမ်းတိုးပြုလုပ်ရာတွင် အခွန်ခကို ဆိုင်ကယ်တန်းဖိုး အပေါ်မူတည်ပြီး ၃ ရာခိုင်နှုန်း ကိုသာ ပေးဆောင် ရသော်လည်း ၂၀၁၆ တွင် ထွက်ရှိလာသော အခွန် ကောက်ဥပဒေအရ ၁၅ ရာခိုင်နှုန်းထိ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

“ပိုက်ဆံမရှိလို့ သူများဆီက ဆိုင်ကယ်အဟောင်းကိုဝယ်တာ သုံးသိန်းရှိနေပြီ။ ဆိုင်ကယ်သက်တမ်းသွားတိုးတာက ကိုးသောင်းထပ်ကုန်တယ်ဆိုတော့ ဘာထူးတော့မှာလဲ” ဟု ဘောလခဲ ဒေသခံတဦးကဆိုသည်။

ထို့အပြင် ဆိုင်ကယ် လိုင်စင် စာအုပ်တွင်ပါရှိသော ပိုင်ရှင်အမည်နှင့် လက်ရှိ ပိုင်ဆိုင်သူ အမည် မကိုက်ညီပါက ၎င်းပိုင်ရှင် အသစ်က အခွန်ပေးဆောင် ပြီးမှ သာ အမည်ပေါက် ဖြင့် လိုင်စင်သက်တမ်း တိုးပေးမည်ဖြစ်ကြောင်းသိရသည်။

June 12, 2026
ကရင်နီပြည်တွင်းမှာ စိုက်ပျိုးရေး လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ ၊ စစ်ရှောင်တောင်သူတွေကို...
June 11, 2026
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ချိန်ရောက်လာပြီဖြစ်ပေမယ့် ကရင်နီပြည်က...
June 10, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့်...
June 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...