မြန်မာစစ်ရဟတ်ယာဉ် ဘင်္ဂလာဒေ့ရှ် နယ်မြေထဲ ကျူးကျော်ဝင်ရောက်ပျံသန်းခဲ့၍ လုံခြံုရေး တိုးမြှင့်ထားဟုဆို

မြန်မာစစ်ရဟတ်ယာဉ် ဘင်္ဂလာဒေ့ရှ် နယ်မြေထဲ ကျူးကျော်ဝင်ရောက်ပျံသန်းခဲ့၍ လုံခြံုရေး တိုးမြှင့်ထားဟုဆို
by -
နိရဥ္စရာ
မြန်မာ့ စစ်ရဟတ်ယာဉ် တစ်စင်းသည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ဘင်္ဂလာဒေ့ရှ် နယ်မြေထဲ ကျူးကျော် ၀င်ရောက်ပျံသန်းခဲ့သဖြင့် နယ်စပ်တစ်လျှောက် ဘင်္ဂလာဒေ့ရှ်ဘက်မှ လုံခြံုရေး တိုးမြှင့်ထားသည်ဟု Banglamail 24 com တွင် သတင်းဖော်ပြသည်။

မြန်မာ့စစ်ရဟတ်ယာဉ်သည် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) စခန်းများထက်မှ အနည်းဆုံး ၅ ကြိမ်ထက် မနည်း ကျူးကျော် ၀င်ရောက်ပျံသန်းခဲ့သည်ဟု ဆိုသည်။

ပျံသန်းခဲ့သော BGB တပ်စခန်းများ ရှိသော နေရာများမှာ မြန်မာ နယ်စပ်နှင့် ကပ်ရပ်တည်ရှိသော တန်းဆိပ်မြို့နယ် ဘာလူပါရာ စခန်း၊ ယင်းရဲ၊ ပင်ဇီးရီ၊ ဟတ်မန်ပါရာ စခန်းများဖြစ်ပြီး ၎င်းစခန်းများထက်မှ နီးကပ်စွာ ပျံသန်းခဲ့သည်ဟု ဆိုသည်။

စစ်တကောင်း တောင်ပိုင်း တပ်မှူး ဟာဘီဘူရ်ကော်ရိမ်က မြန်မာဘက်ကမှ စစ်ရဟတ်ယာဉ် ဘင်္ဂလာဒေ့ရှ်နယ် မြေထဲ ကျူးကျော် ၀င်ရောက် ပျံသန်းသွားခဲ့သည်ကို အတည်ပြုကြောင်း၊ ၎င်းပြင်သူက ယခု ကျူးကျော် ၀င်ရောက် ပျံသန်းမှုသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

ယခုကဲ့သို့ မြန်မာဘက်က စစ်ရဟတ်ယာဉ် ၀င်ရောက်ပျံသန်းမှုကြောင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအနေဖြင့် နယ်စပ် တစ်လျှောက် လုံခြံုရေး တိုးချထားပြီး အထူးသတိထား စောင့်ကြည့်လျက်ရှိကြောင်း သတင်းတွင် ရေးသားသည်။

မေလ ၁၂ ရက်နေ့က မြန်မာဘက်က အမြောက်ကျည်ဆံ (၆) ခု ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက်သို့ ကျရောက်ခဲ့ပြီး တန်းဆိပ်မြို့နယ် ရှိ နယ်ခြားစောင့်တပ်၏ ရဟတ်ယာဉ်ကွင်း တစ်ခု ပျက်စီးခဲ့ကြောင်း၊ ဘင်္ဂလာဒေ့ရှ် စစ်တပ်မှ အမြောက် နှစ်ချက် ပြန်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ် ဖြစ်ပွားပြီး ၁၃ ရက်အကြာတွင် ယခု ရဟတ်ယာဉ် ကျူးကျော် ၀င်ရောက် ပျံသန်းခြင်း ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...