မောင်တောမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး အစည်းအဝေးတွင် သေနတ်ပစ်ခံရ၍ တစ်ဦးသေ

မောင်တောမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး အစည်းအဝေးတွင် သေနတ်ပစ်ခံရ၍ တစ်ဦးသေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖါးဝပ်ချောင်းကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဒေသခံ ပြည်သူ ၃၀ ကျော်နှင့် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး လုပ်နေစဉ် အမည်မသိသူ တစ်ဦးမှ သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်သဖြင့် တစ်ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ ဖါးဝပ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ခေါ်ဘီအာမောက်ဟု သိရသည်။

“ ဖြစ်တာက ဒီကနေ့ နံနက် ၉ နာရီ ၁၀ နာရီ အကြားလောက်မှာ ဖြစ်တာပါ။ အဲဒီမှာ ဖါးဝပ်ချောင်း ရခိုင်ရွာဆိုတာရှိတယ်။ ဖါးဝပ်ချောင်း မူဆလင်ရွာဆိုတာ ရှိပါတယ်။ လက်ရှိ ဖားဝပ်ချောင်း အုပ်ချုပ်ရေးမှူးက ရခိုင်ဖြစ်ပါတယ်။ သူက တစ်ခြား မူဆလင် လူကြီး သုံးဆယ်ခန့်နဲ့ ဖါးဝပ်ချောင်း မူဆလင်ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ရပ်ရွာ တိုးတက်ရေး ကိစ္စအတွက် ဆွေးနွေးနေစဉ်မှာ မူဆလင် တစ်ဦးက ဆိုင်ကယ်နဲ့ ၀င်ရောက်လာပြီး ယခင် အုပ်ချုပ်ရေးမှူးဟောင်း ခေါ်ဘီအာမောက်ကို သေနတ်နဲ့ တည့်တည့်ပစ်ပြီး ထွက်ပြေးသွားပါတယ်။ ခေါ်ဘီအာမောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်” ဟု ဖားဝပ်ချောင်းကျေးရွာသား တစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။

ယခု သေနတ်ဖြင့် ၀င်ပစ်ခံရသော ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် သုံးဖာလုံ အကွာတွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မောင်တော မြို့နယ်မှူးအား ဆက်သွယ်မေးမြန်းရာ “ ဖြစ်တာတို့ မှန်ပါတယ်။ တစ်ဦးသေပါတယ်။ အလောင်းက ခု မောင်တောမြို့နယ် ဆေးရုံကို ရောက်နေပါပြီ။ သိရတာက သူတို့ ဘင်္ဂလီ အချင်းချင်း ၀င်ပစ်သွားတယ်လို့ သတင်းရပါတယ်။ ဘာကြောင့် ပစ်တယ်ဆိုတာတော့ မသိရသေးပါဘူး” ဟု ပြောကြားသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ တစ်ဦးသေသည်ဟု သတင်းရကြောင်း၊ ယခု စစ်တွေသို့ ရောက်ရှိနေ၍ ဖြစ်ပျက်ပုံ အသေးစိတ်ကို မသိရှိရသေးကြောင်း ပြောကြားသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...