ကလေးဒေသ လမ်း၊ တံတားများ ပြုပြင်မွန်းမံရန် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်မှ ယူရိုငွေ(၁၀) သန်းထောက်ပံ့မည်

ကလေးဒေသ လမ်း၊ တံတားများ ပြုပြင်မွန်းမံရန် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်မှ ယူရိုငွေ(၁၀) သန်းထောက်ပံ့မည်
by -
ခိုနူမ်းထုန်
ယမန်နှစ်က ရေးကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော ကလေးမြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင် မွန်းမံရန် လာမည့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) မှ ယူရိုငွေ (၁၀) သန်းထောက်ပ့ံမည် ဟု ကလေးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှာမ်းမီးထံမှသိရသည်။

ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) အထောက်အပံ့ ယူရိုငွေ(၁၀)သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် အတွင်း၌ ဆောင်ရွက်မည့် လုပ်ငန်းများလျာထားစာရင်းမှာ ကလေးဒေသရှိ ချင်းလူမျိူးများအဓိကအားထားနေရသော ဆည်ကြီး တံတား နှင့် နတ်တခါးတံတားများကို သံကူကွန်ကရစ်တံတားများဖြင့် တည်ဆောက်ရန်၊ ဒိုးဝမ်းချောင်းကျေးရွာမှ ရာဇဂြိုလ်ရွာ လမ်းအကြား လမ်းမကြီးအား ကတ္တရာခင်းရန် နှင့် လမ်းပေါ်ရှိ ဆက်စပ်တံတားများ ပြုပြင်ရန်၊ စက္ကန့်ကျေးရွာ နှင့် ရှားတောကျေးရွာဆက်လမ်အား ကတ္တရာခင်းရန်၊ နမ့်မြောင်ချောင်းရေကျော်၊ မှန်လုံချောင်းရေကျော် နှင့် ဇီးချောင်း ရေကျော်တို့အား သံကူကွန် ကရစ် ရေကျော်များဖြင့် တည်ဆောက်ရန်တို့ဖြစ်သည်။

“သူတို့ကွင်းဆင်းလေ့လာမှုတွေလုပ်ပြီးပါပြီ၊ အကောင်ထည်ဖော်မယ့်လုပ်ငန်းတွေကို စာရင်းပြုစုပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဌာန မှာ သွားတင်ပြတယ်၊ တကယ်လက်တွေ့အကောင်အထည်ဖော်မယ့်အချိန်ကျရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနနဲ့ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်တို့ စာချူပ်ချူပ်ကြမှာပါ’’ ဟု ဒေါ် ရှာမ်းမီးကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...