ဗုဒ္ဓနေ့ အခမ်းအနား ကမ္ဘာ့ကုလသမဂ္ဂဌာနချုုပ်တွင်ကျင်းပ

ဗုဒ္ဓနေ့ အခမ်းအနား ကမ္ဘာ့ကုလသမဂ္ဂဌာနချုုပ်တွင်ကျင်းပ
by -
နိရဥ္စရာ
ဓါတ်ပုံ-(အမေရိကန်မှ ကိုခိုင်ဘခင် ပေးပို့သည်။)
ဓါတ်ပုံ-(အမေရိကန်မှ ကိုခိုင်ဘခင် ပေးပို့သည်။)
အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုုပ်တွင် မေလ ၂၀ ရက်နေ့က ဗုဒ္ဓနေ့ Budda Day အခန်းအနားကိုု ကျင်းပ ပြုလုပ်ခဲ့ကြသည်။

 အခမ်းအနားသိုု့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးချုပ် ဘန်ကီးမွန် (Ban Ki-moon) တက်ရောက်ပြီး  အဖွင့်အမှာ စကားပြောကြားသွားခဲ့သည်။

 နိုုင်ငံပေါင်းစုံုမှ ဗုဒ္ဓဘာသာ ဘုုန်းတော်ကြီးများနှင့် မယ်သီလရှင်များ အပါအဝင် သံတမန်များကလည်း တက်ရောက်ခဲ့ကြသည်။

ဗုဒ္ဓနေ့အခမ်းအနားသိုု့ မြန်မာနိုုင်ငံမှ အလိုတော်ပြည့့့် ဓမ္မာစရိယ တက္ကသိုလ် နာယကချုပ် ဆရာတော် အရှင်သုုစိတ္တဘိ၀ံသလည်း တက်ရောက်ခဲ့ရာ ဗုဒ္ဓနေ့နှင့် ပတ်သက်၍ မေးမြန်း လျှောက်ထားခဲ့ရာ ဆရာတော်က “ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်က ပွင့်တော်မူခဲ့တဲ့ ဂေါတမဗုဒ္ဓဟာ ဘုုရားဖြစ်ဖိုု့အတွက် လေးသချေင်္နဲ့ ကမ္ဘာ တစ်သိန်း ဒီဘင်္ခရာမြတ်စွာ ဘုုရားခြေတော်ရင်းမှာ ဘုုရားဆုုပန်ခဲ့တဲ့ နေ့ဟာလည်း ဒီကဆုန်လပြည့်နေ့ပဲ၊ မယ်တော်မာယာ ၀မ်းကြာတိုုက်မှာ ၁၀ လ ပဌိသန္ဓေနေပြီးတော့ လုံုမနီ ဥယဉ်မှာ မီးရှုးသန့်စင် ဖွါးမြင်တော်မူတဲ့နေ့ဟာလည်း ကဆုန် လပြည့်နေ့ပဲ၊  တဖန် သက်တော် ၃၅ နှစ်မှာ ယခုု ဗုဒ္ဓဂါယာခေါ်တဲ့ မဟာဗောဓိပင်အောက်မှာ အရဟတ္ထမိဉာဏ် သမ္ဗုဒ္ဓဉာဏ်ကိုုရလိုု့ ဘုုရားဖြစ်တဲ့ နေ့ဟာလည်း ကဆုန်လပြည့်နေ့ပဲ၊ မဟာသက္ကရာဇ် ၁၄၈-ခုုမှာ မြတ်စွာဘုုရား ပရိနိဗ္ဗာန်စံလွန်တော် မူတဲ့ နေ့ဟာလည်း ကဆုန် လပြည့်နေ့ပဲဖြစ်တယ်။ ဒီအခါကြီး ၄-ခုုတိုုက်ဆိုုင်နေတာကြောင့် ဒီကဆုန်လပြည့်နေ့ကိုု ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ရတာဖြစ် တယ်” ဟုု ဆရာတော်မှ မိန့်ကြားခဲ့သည်။

NN 1
ဓါတ်ပုံ-(အမေရိကန်မှ ကိုခိုင်ဘခင် ပေးပို့သည်။)

အမေရိကန်အခြေစိုုက် ဗုဒ္ဓသာသနာပြုအဖွဲ့ (နယူးယောက်)Buddhist Council of New York, Vice President ဆရာတော် ဒေါက်တာ အရှင်နာယကမှလည်း ဗုဒ္ဓနေ့ အခမ်းအနားနှင့်ပတ်သက်၍  “ Vesak Day လို့ ခေါ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို နိုင်ငံတကာမှာ ကျင်း ပနေတာ  အခု ဆိုရင် ပိုမိုကျယ်ပြန့်လာတာ တွေ့မြင်ရပါတယ်၊ ကမ္ဘာအရပ်ရပ်က ဗုဒ္ဓဘာသာနိုင်ငံ သံတမန်ကိုယ် စားလှယ်များအပြင် တစ်ချိန် တစ်ခါက ဗုဒ္ဓသာသနာ အလွန်ထွန်းကားခဲ့ကြတဲ့ တောင်အာရှ အင်ဒိုချိုင်းနားကျွန်းဆွယ်နဲ့ အာရှအလယ်ပိုင်းက နိုင်ငံများ (ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ ရုရှ စတဲ့ နိုင်ငံတွေက (UN)သံတမန်ကိုယ်စားလှယ်တွေလည်း တတ်ရောက်ကြပြီး သူတို့နိုင်ငံမှာ ဗုဒ္ဓဘာသာ တစ်ချိန်တခါက ဘယ်လိုထွန်းကားခဲ့ကြောင်းနဲ့ ယင်းဗုဒ္ဓဘာသာ ယဉ်ကျေးမှုများကို ထိ်န်းသိမ်း စောင့်ရှောက်လျက် ရှိကြောင်းကို ရုပ်သံဗွီဒီယိုတွေနဲ့ ကုလသမဂ္ဂအထွေထွေခန်းမကြီးမှာ ပြသဟောပြော ခဲ့ကြတာဟာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်၊ နောက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း ပထမဆုံးအကြိမ် ကဆုန်လပြည့်နေ့နဲပတ်သတ်ပြီး Statement ထုတ်ပြီး ဂုဏ်ပြုထားတာတွေ တွေ့ရတယ် “ဟုုမိန့်ကြားခဲ့သည်။

၁၉၅ဝ ခုုနှစ်က သီရိလင်္ကာနိုုင်ငံ၌ ကျင်းပပြုလုုပ်သည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံတွင် ကဆုန်ုလပြည့်နေ့ကိုု ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ကမ္ဘာ့ကုလသမဂ္ဂဌာနမှလည်း ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ် ၁၇၄ အရ ကဆုန်လပြည်နေ့ကို Vesak Universal Holiday ဗုဒ္ဓနေ့ဟုု သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...