မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်ရောက်

မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်ရောက်
by -
နိရဥ္စရာ
ယခု ဓါတ်ပုံများမှာ နိရဥ္စရာက လက်ခံရရှိခဲ့သော ကာကွယ်ရေး ဦးစီးချူုပ်ရုံးမှ ပေးပို့သော ဓါတ်ပုံများ ဖြစ်ကြပါသည်။
ယခု ဓါတ်ပုံများမှာ နိရဥ္စရာက လက်ခံရရှိခဲ့သော ကာကွယ်ရေး ဦးစီးချူုပ်ရုံးမှ ပေးပို့သော ဓါတ်ပုံများ ဖြစ်ကြပါသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်သည် ဧပြီလ ရ ရက်နေ့က ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အခြေခံပညာရေးကျောင်းများသို့ ကွန်ပျူတာများ  လှူဒါန်း ပေးအပ်ခဲ့သည်ဟု သတင်း ရရှိသည်။

လှူးဒါန်းခဲ့သော ကွန်ပျူတာ အရေအတွက်မှာ အလုံး ၁၅၀ ဖြစ်ပြီး၊ စုစုပေါင်း ကာလတန်ဖိုး သိန်းတစ်ထောင်ခန့် ရှိကြောင်း သိရသည်။ ယင်းသို့ လှူဒါန်းရာတွင် တပ်မတော် မိသားစုများအပြင် ပုဂ္ဂလိက အလှူရှင်များလည်း ပါ၀င်ကြောင်း သိရသည်။

ကွန်ပျူတာများကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် အခမ်းအနားပြုလုပ် လှူဒါန်းခဲ့ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ လက်ခံရယူခဲ့သည်။

DSC 4115

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားတွင် ရခိုင်ပြည်နယ် အရင်ကထက် တိုးတက်သွားသည်ကို တွေ့မြင်ရ၍ ၀ိုင်းဝန်းလုပ်ဆောင်ကြသည့် ပြည်သူများကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားသည်။

“ကျွန်တော် ၂၀၀၄ ခုနှစ်က ရခိုင်ပြည်နယ်မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ယခင် ၁၀ နှစ်တာ ကာလနဲ့ ယခုအခြေအနေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ တော်တော့ကို တိုးတက်သွားပါတယ်။ ၀ိုင်းဝန်း လုပ်ဆောင်ကြတဲ့ ပြည်သူတွေကို ချီးကျူးဂုဏ်ပြုပါတယ်”ဟု ပြောဆိုသည်။

ထို့အပြင် ကာကွယ်ရေး ဦးစီးချုပ်မှ တိုင်းပြည်တစ်ပြည် တိုးတက်ရန်အတွက် အေးချမ်းသာယာရေးသည် အလွန်အရေးကြီးကြောင်း၊  ပြည်ထောင်စု အစိုးရအနေဖြင့် စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲကို ပြုလုပ်ခဲ့ကြောင်း၊ အချို့အပိုင်းတွင် အောင်မြင်မှုရရှိခဲ့သော်လည်း အချို့အပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိကြောင်း၊ သို့သော်လည်း အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားသည်။

“လူတိုင်းက ဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ အခွင့်အရေးတွေ မရရှိခဲ့တဲ့အတွက် မတိုးတက်ခဲ့တာတွေလည်း ရှိတယ်။ သူများတိုင်းပြည် တိုးတက်နေတာတွေကို ချီးမွန်းနေမယ့်အစား ကိုယ့်တိုင်းပြည်တိုးတက်ဖို့အတွက် ဘယ်လို ဆောင်ရွက်ရမယ်ကို စဉ်းစားဖို့လိုတယ်”ဟု ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ပညာရေးကဏ္ဍတွင် အတန်းကူးပြောင်းမှု အလွန်နိမ့်ကျနေကြောင်း၊ သူများနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်မှု ၉၈ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းသို့ အတန်းကူးပြောင်းမှု နိမ့်ကျနေရခြင်းမှာ ပညာရေး ခါးဆက်ပြတ်၍ ဖြစ်ကြောင်း၊ တစ်တန်းနှင့်တစ်တန်း စာအဆင့် ကွာဟချက်မြင့်မားမှုကြောင့် ကျောင်းသားများ စာပိ၍ စာမကြေညက်ခြင်းကြောင်း ဖြစ်ရသည်ဟု မြန်မာပြည် ပညာရေးနှင့် ပတ်သက်ပြီးလည်း ကာကွယ်ရေး ဦးစီးချုပ်က ထောက်ပြ ဝေဖန်ပြောဆိုသည်။

“ရခိုင်ပြည်နယ်မှာ မီး ၂၄ နာရီ ရရှိနေပြီ ဖြစ်တဲ့အတွက် ဒီကွန်ပျူတာတွေဟာ ရခိုင်ပြည်နယ်နဲ့ ကိုက်ညီမယ် ဆိုပြီး လာလှူတာပါ။ ဒီကွန်ပျူတာတွေကို မဖြစ်မနေ အသုံးပြုကြပါ။ ပျက်ရင် ပြန်ပြင်လို့ရပါတယ်။ ဒီလိုမျိုးလှူဒါန်းခွင့်ရအောင် စီစဉ်ပေးတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုတဲ့ ရခိုင်ပြည်နယ်အစိုးရကို ကျေးဇူးတင်ပါတယ်။ ပုဂ္ဂလိက အလှူရှင်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

DSC 4185

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကလည်း ကွန်ပျူတာ လှူဒါန်းသည့် ကာကွယ်ရေးဦးစီးချုပ်နှင့် အလှူရှင်များကို ကျေးဇူးတင်ကြောင်း၊ ယခု လှူဒါန်းလိုက်သော ကွန်ပျူတာများသည် နိမ့်ကျနေသော ရခိုင်ပြည်နယ်ပညာရေးအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

မနက်(၉)နာရီခွဲမှ စတင်ပြီး ၁ နာရီကြာ ကျင်းပသည့်အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာအရာရှိများ၊ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်း ရ၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

ယခု မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ရခိုင် ခရီးစဉ်သည် မတ်လ ၂၉ ရက်နေ့က မြန်မာ- ဘင်္ဂလာဒေချ့်နယ်စပ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပွားပြီးနောက် လာရောက်သော ခရီးစဉ် ဖြစ်သဖြင့် စစ်ရေးစစ်ရာ ကိစ္စများနှင့် သက်ဆိုင်နိုင်ကြောင်း အများက လေ့လာသုံးသပ် ပြောဆိုသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...