စာမူများကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နောက်ဆုံးထား၍ ပေးပို့ရမည်ဟု ယင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
စာတမ်းဖတ်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့မှ နာယကတချို့မှာ အသျှင်စက္ကိန္ဒ၊ အသျှင်ကုသလ၊ ဦးမောင်ဗသိန်း၊ ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဆရာဦးကျော်ဇံမောင်၊ စာတမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးအောင်လှသိန်း၊ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စာတမ်းတင်သွင်းထားသူများနှင့် စာတမ်းတချို့မှာ ဆရာကြီးဦးအောင်လှသိန်း (ဓညဝတီသမိုင်း စာတမ်း)၊ ဂေါယာမြေစောဝင်း (ရခိုင်ဝတ္ထု၊ ပုံပြင်နှင့် စကားပုံ စာတမ်း)၊ ဆရာဦးကျော်ဇံမောင် (ရခိုင်မင်္ဂလာစည်တော် စာတမ်း)၊ အရှင်ကောသလ္လ၊ အရှင်ပညာစာရတို့ ဖြစ်ကြောင်း သိရသည်။
စာတမ်းတင်သွင်းလိုသူများအတွက် သတ်မှတ်ချက်များအနေဖြင့် မိမိကိုယ်တိုင် ရေးသားပြုစုထားသော စာတမ်းဖြစ်ရမည်၊ ကိုးကားချက်များကို စာကိုယ်တွင်သော်လည်းကောင်း၊ အောက်ခြေမှ မှတ်စုဖြင့်သော်လည်းကောင်း၊ ကျမ်းပြီးမှတ်စုဖြင့်သော်လည်းကောင်း ကြိုက်နှစ်သက်ရာဖြင့် ဖေါ်ပြရမည်။ ကျမ်းကိုး/ရည်ညွှန်းချက် စာအုပ်စာတမ်းများကို စာတမ်းနောက်ဆုံးတွင် ဖေါ်ပြပေးရမည်။ ရခိုင်ဓညဝတီမြို့တော်ဟောင်း၊ ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု အကြောင်းအရာ တစ်ခုခုကို ဦးစားပေးရေးသားရမည်ဖြစ်သည်။ စာတမ်းကို ရခိုင်၊ မြန်မာ (စကားပြေ) အင်္ဂလိပ်ဘာသာ ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ကြောင်း သိရသည်။
စာတမ်းပေးပို့ရမည့် လိပ်စာများမှာ ဦးဦးဘသိမ်း(စစ်တွေသိန်းနောင်)၊ ၁၃၀ ပန်းခြံလမ်း၊ ရူပမြောက်၊ စစ်တွေမြို့၊ အသျှင်ပညာစာရ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်း၊ အာကျိတ်တောင်ကုန်း၊ စစ်တွေမြို့၊ ဂေါယာမြေစောဝင်း၊ ဂစ္ဆပစာပေ၊ အမှတ် ၆၀၃ အောင်ဇံဝေလမ်း၊ ဆင်ကူလမ်း (၄) ရပ်ကွက် စစ်တွေမြို့နှင့် ဒေါက်တာတင်အောင် (နီမင်းသျှင် စစ်တွေ) အမှတ် ၂ ဦးဥတ္တမလမ်း၊ အိုးတန်းရပ်ကွက် စစ်တွေမြို့တို့ဖြစ်ကြောင်း သိရသည်။







