မီဇိုရမ်တွင် ချင်းအမျိုးသားတစ်ဦးထံ ရူပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံး ဖမ်းဆီး

မီဇိုရမ်တွင် ချင်းအမျိုးသားတစ်ဦးထံ ရူပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံး ဖမ်းဆီး
by -
ခိုနူမ်းထုန်
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသော ရူပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးကို မီဇိုရမ်ပြည်နယ် Seling ကျေးရွာတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

goldအလေးချိန် ၁၃ ကီလိုဂရမ်ကျော်ရှိ ရွှေတုံး၏ ကာလတန်ကြေးမှာ ရူပီး သိန်း ၄၂၇ ခန့်ရှိကြောင်း သိရပြီး၊ ရွှေတုံးပိုင်ရှင်ဟု ယူဆသော ကလေးမြို့နယ် တာဟန်း (A) ရပ်ကွက်နေ Zoliansanga (46) ကိုလည်း ဖမ်းဆီးခဲ့ကြသည်။

သတင်းရရှိထားချက်အရ မီဇိုရမ် Custom Department အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်မှ အိုက်ဇော်မြို့သို့တက်လာသော maxi-cab ကားတစ်စီးတွင် လိုက်လံရှာဖွေပြီး ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေကို မီဇိုရမ်ပြည်နယ် ပန်းထိမ်သမားများမှ သေချာစစ်ဆေးကြည့်ခဲ့ရာ ရွှေအစစ်များဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကလည်း အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော သိန်း ၁၅၀ ကျော် ခန့်ရှိသော (Gold Biscuits) ခေါ် ရွှေပြား ၃၅ ခုနှင့်အတူ ချင်းအမျိုးသားတစ်ဦးကို ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ကျန်ဖိုင်းတွင် ဒေသခံအာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...