တိုင်းရင်းသားအရေး ပူးပေါင်းဆောင်ရွက်ရန် ရခိုင်နှင့်ရှမ်းလွှတ်တော်ကိုယ်စားလှယ်များသဘောတူ

တိုင်းရင်းသားအရေး ပူးပေါင်းဆောင်ရွက်ရန် ရခိုင်နှင့်ရှမ်းလွှတ်တော်ကိုယ်စားလှယ်များသဘောတူ
by -
နိရဥ္စရာ
ရခိုင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ရှမ်းလွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံပြီး တိုင်းရင်းသား အရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “ လွှတ်တော် နိုင်ငံရေးမှာ အတူတွဲပီး ပူပေါင်း လုပ်ဆောင်ဖို့ရယ်။ နောက် ရှေ့ဆက်ပြီး ဒုတိယ ပင်လုံ ညီလာခံ လုပ်တဲ့ အခါ NLD ကနေ သူ စိတ်ကြိုက် လုပ်မယ် ဆိုရင် တိုင်းရင်းသာတွေရဲ့ အခန်းကဏ္ဍပျောက်သွားမှာကို ကျွန်တော်တို့ စိုးရိမ်တယ်။ သူတို့က ဒီမိုကရေစီ ဖက်တော်သား တရားဝင်မှု (Ligitimacy) ဖြစ်တယ်ဆိုပြီး သူတို့ အမတ်တွေကို ဆွဲတင်သွားမယ်၊ ရှမ်းတစ်ယောက်၊ ရခိုင်တစ်ယောက် အဲသလိုမျိုးပေါ့။ ကရင်လည်း မပါ၊ မွန်လည်း မပါ၊ တစ်ခြား တိုင်းရင်းသားကိုယ်စားပြု ခေါင်းဆောင်တွေလဲ မပါ။ အဲသလို မျိုး ဖြစ်သွာကို စိုုးရိမ်ပြီး တိုင်းရင်းသားဘက်က အခိုင်အမာ ရပ်တည်ဖို့ အတွက် လိုင်းချတာပါ” ဟု ပြောသည်။

၎င်းဆွေးနွေးပွဲသို့ ရခိုင်နှင့် ရှမ်း အမျိုးသားနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ပြီး ရခိုင်လွှတ်တော်ကိုယ်စား လှယ်များ ဖြစ်ကြသည့် ဦးဦးလှစော၊ ဦးဘရှိန်နှင့် ဦးဖေသန်းတို့မှ ဆွေးနွေးပြီး ရှမ်းလွှတ်တော်ကိုယ်စားလှယ်များထဲမှ အမျိုးသားလွှတ်တော်ဥပဒေ ကျွမ်းကျင်သူ နှစ်ဦး ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲမှာ တစ်နာရီခန့်ကြာမြှင့်ပြီး နေပြည်တော် ပြည်ထောင်စု လွှတ်တော်ထဲရှိ ရခိုင်အမျိုးသားပါတီရုံးတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုဆွေးနွေးပွဲတွင် UNA နှင့် NBF အဖွဲ့ဝင်များ ပါ၀င်ကြသော်လည်း အဖွဲ့အစည်းကွဲပြားမှု အပေါ် မည်သို့မှ သဘောမထားဘဲ တိုင်းရင်းသားအရေးကိုအားလုံး ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီကြပြီး အမှန်တကယ့် သွေးစည်းညီညွတ် ခိုင်မာသော Ethnic Alliance တစ်ခု တည်ဆောက်ရန် မူအားဖြင့် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

၎င်းပြင် အပြန်အလှန် ဆက်သွယ်ရန် အဖွဲ့နှစ်ခုကိုလည်း ဖွဲ့စည်း တာဝန်ပေးခဲ့သည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...