မြောက်ဦးမြို့နယ်တွင် အသက် (၁၂) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ

မြောက်ဦးမြို့နယ်တွင် အသက် (၁၂) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကုတိုးကျေးရွာတွင် မေလ ၁၇ ရက် ညဥ့်တွင် အသက် (၁၂) အရွယ် အမျိုးသမီးငယ် တစ်ဦး အသတ်ခံရပြီးနောက် ချောင်းထဲ ပစ်ချခံခဲ့ရသည်ဟု သတင်းရရှိသည်။

အသတ်ခံရသည့် အမျိုးသမီးငယ်မှာ ဦးဌေးဌေးဝင်း၏ သမီး မဆန်းဝင်းသိန်း အသက် (၁၂) နှစ် ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်သူဟု သံသယရှိသူ ကိုဇော်ဝင်းဌေး (၂၆) နှစ်ကို ဖမ်းဆီးထားကြောင်း မြောက်ဦးမြို့နယ် ရဲစခန်းမှ ဒုရဲမှူးကျော်မြဝင်းက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“မနေ့က ၁၇ ရက်နေ့ည ၈ နာရီကျော်လောက်က ရွာမှာ ကလေးတွေ က ဆော့ကြတယ်ဗျာ။ ဆော့ပြီးတော့မှ အခုသေဆုံးသွားတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းနှစ်ယောက်က ရေကန်ပေါ်မှာ ထိုင်နေတာကို ကိုဇော်ဝင်းဌေး က ရောက်လာပြီးတော့ ကလေးမတွေကို လက်ဖက်သုပ် သွားကျွေးတယ်။ သူ့အဖေါ်နှစ်ယောက် အိမ်ပြန်သွားပေမယ့် မဆန်းဝင်းသိန်းနဲ့ တရားခံ ဇော်ဝင်းဌေးတို့ ကျန်ရစ်ခဲ့ပြီးတော့ ဘုန်းကြီးကျောင်းမှာ ခရေပန်း သွားကောက်ကြတယ်။ တရားခံက ဘာစိတ်ကူးပေါက်လဲတော့ မသိဘူးဗျာ။ လည်ပင်း ညှစ်သတ်ပြီးတော့မှ ချောင်းထဲကို ပစ်ချတယ်” ဟု ဒုရဲမှူး ကျော်မြဝင်းက ပြောသည်။

ပြစ်မှုကျူးလွန်သူကို ကုတိုးရွာထဲတွင်ပင် ၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး ပုဒ်မ ၃၀၂ (ပ) ၆၈/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတ်ဖြတ်ရခြင်း အကြောင်းအရင်းကို စစ်ဆေးနေတုန်းဖြစ်၍ မသိရှိရသေးကြောင်း ဒုရဲမှူးက ပြောသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...