၃ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ဦးတည်ချက် ၃ ရပ်ဖြင့် ရန်ကုန်တွင် ကျင်းပမည်

၃ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ဦးတည်ချက် ၃ ရပ်ဖြင့် ရန်ကုန်တွင် ကျင်းပမည်
by -
နိရဥ္စရာ
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ၃ နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ဦးတည်ချက် ၃ ရပ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Arakan National Dayရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော် အရှေ့ဖက်မုခ်အနီး အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် မေလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်သည့် ၃ နှစ်မြောက် ရခိုင်အမျိုးသားနေ့ ကျင်းပရေး စာနယ်ဇင်းရှင်းလင်းပွဲအပြီးတွင် ဆိုသည်။

“ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေး၊ ရခိုင်ပြည်နယ်တွင် အခြေခံစီးပွားရေး အဆောက်အဦးများ ဖော်ဆောင်နိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ပူပေါင်းထိန်းသိမ်းရေး စတဲ့ ဦးတည်ချက်တွေနဲ့ ကျင်းပပြုလုပ်သွားမှာပါ”ဟု ရခိုင်အမျိုးသာနေ့ ဖြစ်မြောက်ရေးကော်မတီ ဦးဆောင် နာယကတစ်ဦးဖြစ်သူ ဦးကျော်စိန်က နိရဥ္စရာသို့ ပြောသည်။

“အမျိုးသားနေ့ဆိုတာ လူမျိုးတစ်ခုရဲ့ အမျိုးသားရေးသင်္ကေတပါ။ရခိုင်အမျိုးသားနေ့ ဆိုပေမယ့် တခြား တိုင်းရင်းသားတွေလည်း လာရောက်လေ့လာနိုင်ပါတယ်။တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရှေ့ရှုတဲ့ အနေနဲ့ တခြားတိုင်းရင်းသားညီအစ်ကိုတွေကိုလည်း ရင်းရင်းနှီးနှီးလာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်”ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က အခမ်းအနားတွင် ပြောသည်။

ရခိုင်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဒေါက်တာစံလှကျော်က “ရခိုင်ရိုးရာ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်းဆိုပြီး နှစ်မျိုးထည့်သွင်းပြုလုပ်သွားမှာပါ။ ရွှေမောင်းတန်း ပထမဆုက ၅ သိန်း၊ ဒုတိယဆုက ၃ သိန်းနဲ့ ငွေမောင်းတန်း ပထမဆုက ၃ သိန်း၊ ဒုတိယဆုကို ၂ သိန်း အသီးသီး ဆုချီးမြှင့်သွာမှာပါ။ ရခိုင်ရိုးရာ ယဉ်ကျေးမှုယိမ်း အကတွေလည်း တင်ဆက်သွားမပါ” ဟု နိရဥ္စရာသို့ ဆိုသည်။

၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ ကျရောက်သည့် ၃ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီးရှိ ဦးဥတ္တမပန်းခြံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ရခိုင်ရိုးရာကျင်ပွဲအစီအစဉ်ကို ပြုလုပ်မည်ဖြစ်ပြီး ညနေ ၆ နာရီမှ ၉ နာရီထိ ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...