အမြောက်ကျည် ကျရောက်ပြီး နယ်မြေကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ ဘင်္ဂလာဒေ့ရှ်က မြန်မာကို ကန့်ကွက်

အမြောက်ကျည် ကျရောက်ပြီး နယ်မြေကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ ဘင်္ဂလာဒေ့ရှ်က မြန်မာကို ကန့်ကွက်
by -
နိရဥ္စရာ
မြန်မာဘက်က အမြောက်ကျည်ဆံများ သူ့နယ်မြေထဲသို့ ကျရောက်ပြီး မြန်မာ စစ်တပ်မှလည်း ဘင်္ဂလာဒေ့ရှ်နယ်မြေထဲ အကြိမ်ကြိမ် အခါခါ ကျူးကျော် ၀င်ရောက်သည်ဟု ဆိုကာ ဘင်္ဂလာဒေ့ရှ် အစိုးရမှ မြန်မာ အစိုးရကို မေလ ၁၆ ရက်နေ့က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်ဟု The Daily Star သတင်းစာတွင် သတင်းဖော်ပြသည်။

၎င်းကန့်ကွက်ချက်ကို ဘင်္ဂလာဒေ့ရှ် ဆိုင်ရာ မြန်မာ သံအမတ်မှ တဆင့် မြန်မာ အစိုးရအား နှုတ်အားဖြင့် ကန့်ကွက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက ဆိုသည်။

မြန်မာသံအမတ်နှင့် တွေ့ဆုံစဉ် ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးမှ မေလ ၁၂ ရက်နေ့က မော်တာကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုမှာ စိတ်မကောင်းစရာနှင့် အကြောင်းအကျိုး ခိုင်လုံမှု မရှိကြောင်း ပြောဆိုသည်။

ယင်းကဲ့သို့ ပြုလုပ်မှုကို မည်သည့်အခါမှ လက်ခံနိုင်မည် မဟုတ်ကြောင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် စကားလုံးများကို သုံးစွဲ ပြောကြားခဲ့သည်ဟုသတင်းတွင် ဖော်ပြသည်။

မြန်မာတပ်ဖွဲ့သည် ဘင်္ဂလာဒေ့ရှ်ဘက်မှ နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာရန် အကြိမ်ကြိမ်အလီလီ ပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

၎င်းပြင် ဘင်္ဂလာဒေ့ရှ်ဘက်မှ နယ်စပ်တင်းမာမှု လျော့ချရန် အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ရန်နှင့် နောင်တွင် ယင်းကဲ့သို့ တိုက်ခိုက်မှုများကို မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

မြန်မာဘက်က ကျရောက်လာသော အမြောက်ကျည်ဆံကြောင့် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် တန်းဆိပ်မြို့နယ် ဆင်ကူးမြစ် ကြိုးဝိုင်း သစ်တောတွင် ရှိသော နယ်ခြားစောင့်တပ်ဖွဲ့၏ ရဟတ်ယာဉ် ကွင်းတစ်ခု ပျက်စီးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဓါတ်ပုံ- ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်တွင် ကင်းလှည့်နေစဉ်

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...