ဘင်္ဂလာဒေ့ရှ် ရဟန်းတော် သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်ပြီး သံသယ ရှိသူ သုံးဦးကို ဖမ်းဆီး

ဘင်္ဂလာဒေ့ရှ် ရဟန်းတော် သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်ပြီး သံသယ ရှိသူ သုံးဦးကို ဖမ်းဆီး
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုဘင် ခရိုင်၊ နတ်ချောင်းဆရီ မြို့နယ် ဘိုင်ဆရီ သက်ရွာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး လည်လှီးသတ်ဖြတ်ခံရမှုနှင့် ဆက်စပ်ပြီး သံသယ ရှိသူ သုံးဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု The Daily Star တွင် သတင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများထဲတွင် နှစ်ဦးမှာ သူတို့ အခေါ် ရိုဟင်ဂျာ (မြန်မာ အခေါ် ဘင်္ဂလီ) ဆိုသူများ ဖြစ်ကြပြီး အမည်မှာ အဘာဒူရ် ရာဟိန်း (၂၅) နှစ်နှင့် အမ်းဒီ ဇီယာ (၂၆) နှစ်တို့ ဖြစ်ကြသည်။ နောက်တစ်ဦးမှာ သက်လူမျိုး သာမောင် (၃၆) နှစ်ဖြစ်ကြောင်း သတင်းက ဆိုသည်။

သူတို့သုံးဦးအား ယမန်နေ့က ရုံးထုတ်ခဲ့ပြီး ရဲက ရမန် (၁၀) ရက်တောင်းခံရာ ဘင်ဒရိုဘင် ခရိုင်တရားသူကြီးက (၅) ရက် ရမန်ပေးလိုက်သည်ဟု ဆိုသည်။

အသတ်ခံရသော ဆရာတော်မှာ သက်လူမျိုး ဖြစ်ပြီး အသက် (၇၃) နှစ်ရှိကာ ရွာအနီး ဘုန်းတော်ကြီးကျောင်းတွင် တောရပ်ဆောက်တည်နေစဉ် မေလ ၁၄ ရက်နေ့ ညဥ့်က သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းသတ်ဖြတ်မှုနှင့် ဗုဒ္ဓဘာသဝင်များက ဘင်ဒရိုဘင်မြို့တွင် လူသတ်သမားများကို ဖော်ထုတ် ဖမ်းဆီးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ၎င်းပြင် ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးအား ယခု သတ်ဖြတ်မှုမှာ ဆွေမျိုးများအတွင်း ရန်ငြိုးဖြင့် သတ်ဖြတ်မှုဟု ပြောဆိုထားမှုကို ရုတ်သိမ်းရန်နှင့် မရုတ်သိမ်းပါက ၀န်ကြီးရာထူးမှ နုတ်ထွက်ရအောင်ထိ တောင်းဆိုသွားမည်ဟုလည်း ဆန္ဒပြသူများက သတိပေးထားသည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...