ရွှေဂတ်စ်စီမံကိန်းကြောင့် နစ်နာနေမှုများကို ကူညီဖြေရှင်းပေးရန် ရခိုင်ဝန်ကြီးများကို ကျောက်ဖြူ ဒေသခံတို့တောင်းဆို

ရွှေဂတ်စ်စီမံကိန်းကြောင့် နစ်နာနေမှုများကို ကူညီဖြေရှင်းပေးရန် ရခိုင်ဝန်ကြီးများကို ကျောက်ဖြူ ဒေသခံတို့တောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ကျောက်ဖြူဒေသခံများ မေလ ၁၄ ရက်နေ့က တွေ့ဆုံစဉ် ရွှေဂတ်စ်စီမံကိန်းကြောင့် နစ်နာနေမှုများကို ကူညီဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်ဟု သိရသည်။

 အဆိုပါနေ့ နံနက်(၁၀) နာရီခန့်က ကျောက်ဖြူ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒကူး ခန်းမတွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ တို့နှင့်  မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ ဦးထွန်းကြည်မှ “ရွှေဂတ််စ် စီမံကိန်းကြောင့် ဒေသခံတောင်သူတွေရဲ့ နစ်နာဆုံးရှံုးမှုတွေကို ယနေ့ထိ ပြေလည်အောင် မဖြေရှင်း သေးတာကို တွေ့နေရတယ်။ ပြဿနာကြီးထွားမလာအောင် နှစ်ဘက်ညှိနှိုင်းဖြေရှင်းကြဖို့ အသင်းမှ သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့်လည်း ခုထိဆောင်ရွက်တာမတွေ့ရသေးဘူး။ သဘောထား ထုတ်ပြန်ချက်စာကိုCNPC ရုံးကိုသွားပို့တာတောင် စာကိုလက်မခံဘူး။ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေက ပုံမကျ ပန်းမကျလုပ်နေတာတွေကို ဖြေရှင်းပေးဖို့ လို့ပါတယ်” ဟု တွေ့ဆုံပွဲတွင် တင်ပြပြောကြားသည်။

IMG 2557 1463208618736

၎င်းခရီးစဉ်တွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်ကလည်း ကျောက်ဖြူသို့ လာရောက်ခြင်းမှာ  လူထုအသံကို နားထောင်ဖို့လာခြင်း ဖြစ်ကြောင်း၊ ပြည်နယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောနှင့်ဝေဖန်ဆွေးနွေးကြပါဟု တိုက်တွန်းပြောကြားခဲ့သည်။

၎င်းဆွေးနွေးပွဲသို့ လူပေါင်း ၂၀၀ တက်ရောက်ခဲ့သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...