သေဆုံးသူမှာ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ ဇော်မြင့်ပိုင် အသက်(၂၀)နှစ် ဖြစ်ကြောင်းသိရသည်။
ကျောက်ဖြူ ဘက်မှ ဇော်မြင့်ပိုင်(၂၀)နှစ် မောင်းနှင်လာသော ဆိုင်ကယ်နှင့် ရန်ကုန်ဘက်မှ ထွန်းထွန်းဝင်း (၃၆)နှစ် မောင်းနှင်လာသောကား HIGER ယာဉ်အမှတ် 5F4771 တို့သည် ကျောက်တင်ဆိပ်ကျေးရွာအနီး ကျောက်ဖြူ-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၁၁၀/၂အနီးတွင် တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ဇော်မြင့်ပိုင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် မေလ(၁၄)ရက်နေ့ ညနေပိုင်းတွင် လူတနာတင်ယာဉ်ဖြင့် ဇော်မြင့်ပိုင်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ရာ ဥသျှစ်ပင် အရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
၎င်းယာဉ်တိုက်မှုတွင် ဇော်မြင့်ပိုင်၏ ဆိုင်ကယ်နောက်တွင် ထိုင်၍လိုက်ပါလာသော ကောင်းခန့်ကျော်(၁၄) နှစ်တွင်လည်း ဒဏ်ရာ ပေါင်နှင့်ခြေထောက်တွင် ဒဏ်ရာအနည်းငယ် ရရှိသွားပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။
ယာဉ်မောင်းသူ ထွန်းထွန်းဝင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှဖြစ်ပြီး ၎င်းအား ဖမ်းဆီး ထားပြီဖြစ်ကြောင်း ကျောက်ဖြူရဲစခန်းမှ ပြောသည်။ ၎င်းအမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ(ပ)၂၇/၁၆၊ ယာဉ်(ကဖ)ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၊၃၄၀(က)၊၃၃၇/၃၃၈ဖြင့် အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။







