ALP ခေါင်းဆောင်များ ကျောက်ဖြူတွင် NCA အကြောင်း ရှင်းလင်း

ALP ခေါင်းဆောင်များ ကျောက်ဖြူတွင် NCA အကြောင်း ရှင်းလင်း
by -
နိရဥ္စရာ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး Nationwide Ceasefire Agreement (NCA) သဘောတူ စာချုပ် အကြောင်း လူထုရှင်းလင်းပွဲကို မေလ ၁၄ ရက်က ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့သည်။

၎င်းရှင်းလင်းပွဲကို ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်၊ ဘုရားကြီးကွင်းတွင် နေ့လယ် (၂) နာရီကျော်ခန့်က ပြုလုပ်ခဲ့ပြီး ALP ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ ဗဟို အလုပ် အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ ဗိုလ်မှူး ခိုင်မာယုနှင့် အတွင်းရေးမှူး ခိုင်အောင်စိုးသန်း တို့တက်ရောက် ဟောပြောခဲ့ကြသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး Nationwide Ceasefire Agreement (NCA) သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အတွက် ပြည်တွင်းတွင် လွတ်လွတ်လပ်လပ် သွားလာ နိုင်ခွင့်ရှိကြောင်း လက်နက်စွန့်စရာ မလိုဘဲ နိုင်ငံတော်အစိုးရနှင့် တန်းတူထိုင်ပြီး စကား ပြောနိုင်ကြောင်း၊ ထိုဟာသည်ပင်လျှင် NCA သဘောတူ စာချုပ်လက်မှတ်ရေးထိုးရခြင်း၏ အကျိုးဆက် ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်း က လူထုရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ ကျမတို့က ကျမတို့တိုင်းပြည်ကို ကိုယ်တိုင်စီမံ အုပ်ချုပ်ချင်ပါတယ်။ ကျမတို့ တိုင်းပြည်ရဲ့ အနာဂတ်ကို စီမံ ဖန်တီးဖို့အတွက် တန်းတူရည်တူထိုင်ပြီး ဆွေးနွေးနိုင်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်း ကပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်တွင် လွတ်လပ်၍ တန်းတူရေးနှင့် တရား မျှတရေးကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ရန် သဘော တူညီထားကြောင်း ပြောကြားခဲ့သည်။

IMG 2694 1463295835486

ဆက်လက်ပြီး ဒေါ်စောမြရာဇာလင်းက “ လွတ်လပ်ရေး၊ တန်းတူရေး၊ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ကျမတို့ တိုင်ပြည်ကို မည်သည့်လူမျိုးကမှ လာရောက်အုပ်ချုပ်တာကို မလိုချင်ပါ။ ကျမတို့တိုင်းပြည်ကို ကျမတို့ ကိုယ်တိုင်စီမံခန့်ခွဲလိုပါတယ်” ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ သွားနေသည့် လမ်းကြောင်းသည် အမျိုးသား ကြီးပွားရေး လမ်းကြောင်းနှင့် အမျိုးသားတစ်ရပ်လုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော လမ်းကြောင်းကို သွားနေခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းမှာ ထိုင်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာဖို့ အတွက် ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်း ကပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ခေါင်းဆောင်များ ဟောပြောရှင်းလင်းပြီးနောက် လူထုမှ ပြန်လည် မေးမြန်းသည့် အစီအစဉ်များလည်းပါ၀င်သည်။

မဒဲကျွန်းဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌ ဦးထွန်းကြည်က လက်ရှိ ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွင် မြန်မာ့တပ်မတော်က အရပ်သားများအား ပေါ်တာဆွဲပြီး လူသားဒိုင်ကာအဖြစ်အသုံးပြုသည်ဟု ALPပြန်ကြားရေးတာဝန်ခံမှ သဘောထားထုတ်ပြန်ခဲ့ရာ အစိုးရဘက်မှ မဟုတ် မမှန် ထုတ်ပြန်သည်ဟုဆိုကာ တရားစွဲဆိုထားကြောင်း သိရပါသည်။ ယင်းပြသနာကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ဘယ်လိုဖြေရှင်းသွားမည်လဲဟုမေးမြန်းခဲ့ရာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက “ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရပိုင်းက မဟုတ်မမှန်ဆိုပြီး တရားစွဲဆိုဖို့ ဆိုပြီး ပြောထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်အချင်းချင်း ကတော့ ဆွေးနွေးနေဆဲပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလောက်ပဲပြောချင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခက်ရပ်စဲရေး NCA သဘောတူ စာချုပ်အကြောင်း လူထုရှင်းလင်းပွဲသို့ ကျောက်ဖြူမြို့နှင့် ကျေးလက်ဒေသမှ လူပေါင်း (၅၀၀) ကျော်ခန့်တက်ရောက်ခဲ့ကြာင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...