ဘင်္ဂလာဒေ့ရှ် တက်ကနက်ဒုက္ခသည် စခန်းတွင် လုံခြံုရေး တပ်ဖွဲ့အတိုက်ခံရ၊ စခန်းတာဝန်ခံ သေဆုံး၊ လက်နက် ၁၁ လက် လုယူခံရ

ဘင်္ဂလာဒေ့ရှ် တက်ကနက်ဒုက္ခသည် စခန်းတွင် လုံခြံုရေး တပ်ဖွဲ့အတိုက်ခံရ၊ စခန်းတာဝန်ခံ သေဆုံး၊ လက်နက် ၁၁ လက် လုယူခံရ
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ်တွင် ရှိသော တည်ရှိသော သူတို့ အခေါ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် လုံခြံုရေး ယူထားသော အန်ဆာ (ခေါ်) ဒေသ လုံခြံုရေး တပ်ဖွဲ့အတိုက်ခံရပြီး တိုက်ခိုက်မှု အတွင်း လုံခြံုရေး တပ်ဖွဲ့ ခေါင်းဆောင် သေဆုံးပြီး  လက်နက် ၁၁ လက်ကို လုယူသွားသည်ခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် က လာသော သတင်းများတွင် ဖော်ပြသည်။

ယနေ့ သောကြာနေ့ နံနက် အစောပိုင်းက တက်ကနက်မြို့နယ် နီလာ အပိုင်  Muchni ဧရိယာတွင် ဒုက္ခသည် စခန်း လုံခြံုရေး ချထားသော အန်ဆာ လုံခြံုရေး တပ်ဖွဲ့ကို ၀င်ရောက်စီးနှင်းရာတွင် တပ်မှူးဖြစ်သူမှာ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဒေသအတွင်းရှိ ရဲမှူး  Md Kashem က ၎င်းစခန်းအား ယနေ့ သောကြာနေ့ နံနက် ၃ နာရီတွင် ဓါးပြအဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်စဉ် အန်ဆာ တပ်မှူး Ali Hossain (၅၅) နှစ်မှာ ဒဏ်ရာရရှိသွားသဖြင့် ဒုက္ခသည် စခန်းတွင်းရှိ ဆေးရုံသို့ ယူဆောင်ရာ သေဆုံးသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူ ဒေါက်တာက အတည်ပြု ပြောကြားသည်ဟု BD news24 တွင် ဖော်ပြသည်။

၀င်ရောက်တိုက်ခိုက်သူများသည် SMG အမျိုးစား သေနတ် နှစ်လက်၊ တရုတ်ရိုင်ဖယ် ၅ လက်၊ လက်နက်တို လေးလက်နှင့် ကျည်ဆံ ၆၇၀ တို့ကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ယခုအခါ ဒုက္ခသည် စခန်း အနောက်ဘက် တောင်ကုန်းတွင် ခိုအောင်းနေသည်ဟု ဘင်္ဂလာအာဏာပိုင်များက တွက်ဆထားပြီး တောနှင်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...