စစ်ဘေးရှောင်များ စွန့်ခွာလာခဲ့ရသော ကျေးရွာများရှိ အိမ်များကို ဖောက်ထွင်းမှုများရှိနေ

စစ်ဘေးရှောင်များ စွန့်ခွာလာခဲ့ရသော ကျေးရွာများရှိ အိမ်များကို ဖောက်ထွင်းမှုများရှိနေ
by -
နိရဥ္စရာ
ကျောက်တော်မြို့နယ် အတွင်းရှိ ဒုက္ခသည်များ စွန့်ခွာလာခဲ့ရသော ကျေးရွာများရှိ အိမ်များကို ဖောက်ထွင်းမှုများ ရှိနေကြောင်း ဒုက္ခသည်များက နိရဥ္စရာသို့ သတင်းပို့  ပြောကြားသည်။

“ အခု ကျွန်တော်တို့ရဲ့ ရွာတွေမှာ လူတွေ မရှိတော့တဲ့ နောက်ပိုင်း အိမ်တွေကို ဖောက်ထွင်းပြီး အိမ်ထဲမှာ ရှိတဲ့ ဆန်တွေ၊ စပါးတွေ၊ ပုဆိုး၊ စောင်နဲ့ အိမ်သုံး ပစ္စည်းတွေကို ဖောက်ထွင်းပြီး ယူဆောင်နေကြတယ်လို့ သတင်းရပါတယ်” ဟု ငစရိုင်းကိုင်း ကျေးရွာသို့ ရောက်ရှိနေသူ ဦးလှမောင်သိန်းက ပြောသည်။

ဦးလှမောင်သိန်းတို့ စွန့်ခွာလာခဲ့ရသော ကျောက်ဆည်တောင် အပါအဝင်  ဒပြူချောင်း၊ ကင်ပိ၊ မီးချောင်းခုတ် စသည့် ကျေးရွာများတွင် ထိုသို့ ဖောက်ထွင်း ယူဆောင်မှုများ ရှိနေသည်ဟု သိရသည်။

“ ကျွန်တော်တို့ ဒီမှာ သတင်းဖြစ်နေတာက အနီးအနားမှာ ရှိတဲ့ တပ်က ယူခိုင်းတယ်ဆိုပြီး သတင်း ဖြစ်နေပါတယ်။ ကျွန်တော်တို့ကတော့ ဒီလို မယုံကြည်ပါဘူး။ သူတို့ ဖောက်ထွင်း ယူဆောင်တာကို အကာအကွယ် လုပ်ချင်တဲ့ အတွက် တပ်နာမည်ကို အသုံးပြု လုပ်နေတာလို့ ယူဆပါတယ်။ ဒါကြောင့် သက်ဆိုင်ရာက ဒီလို ဖောက်ထွင်း ယူဆောင်သူတွေကို အမြန်ဆုံး အရေးယူပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ဦးလှမောင်သိန်းက ဆိုသည်။

စစ်ပွဲများကို ကြောက်ပြီး စစ်မြေပြင် အတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ အများစုမှာ ရပ်ရွာများကို စွန့်ခွာ ထွက်ပြေးလာကြသော်လည်း ရွာတစ်ရွာတွင် မိသားစု တစ်စု (သို့မဟုတ်) သုံးလေးစု ကျန်နေခဲ့ကြောင်း၊ ထိုကျန်နေခဲ့သူများက တစ်ခြား လူမရှိသော အိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများကို ယူဆောင်နေခြင်း ဖြစ်ကြောင်း မီးကျောင်းခုတ် ရွာသား တစ်ဦးက ပြောဆိုသည်။

ကျေးရွာသား အများစုသည် မိုးတွင်းတွင် စားသုံးရန် အတွက် စုဆောင်းထားသော ဆန်စပါးများကို သာမက အိမ်၌ တစ်ပိုင် တစ်နိုင် မွေးမြူထားသော ကျွဲ၊နွား၊ ၀က်၊ ကြက်၊ ဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များ၊ စောင်၊ ခြင်ထောင်၊ ပုဆိုး၊ အိုးခွက် ပန်းကန်ခွက်ယောက်များကို မယူနိုင်ဘဲ အိမ်တွင် ပစ်ထားခဲ့ရသည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...