လုံခြံုရေးအကြောင်းပြချက်ဖြင့် အေအေ တပ်ဖွဲ့ဝင် ၃၅ ဦးကို ထောင်ပြောင်း

လုံခြံုရေးအကြောင်းပြချက်ဖြင့် အေအေ တပ်ဖွဲ့ဝင် ၃၅ ဦးကို ထောင်ပြောင်း
by -
နိရဥ္စရာ
စစ်တွေထောင်ထဲတွင် ထောင်ချခံထားရသော ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့ဝင် ၃၅ ဦးကို လုံခြံုရေးအကြောင်းပြချက်ဖြင့် သံတွဲနှင့် ကျောက်ဖြူထောင်များသို့ နေရာ ခွဲ၍ပို့ဆောင်လိုက်သည်ဟု သတင်း ရရှိသည်။

ထိုသို့ ပြောင်းရွှေ့လိုက်ခြင်းမှာ ဟုတ်မှန်ကြောင်း၊ မေလ ၄ ရက်နေ့က ရွှေပြည်တန် အမြန်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်ဖြူထောင်သို့ နံနက် ၁၀ ခန့်က အေအေတပ်ဖွဲ့ဝင် အကျဉ်းသားများ ရောက်ရှိလာကြောင်း ကျောက်ဖြူအကျဉ်းထောင်မှ အရာရှိတစ်ဦးကပြောသည်။

AA

အေအေ တပ်ဖွဲ့ဝင် ၃၅ ဦးထဲမှ ၂၀ ဦးကို ကျောက်ဖြူအကျဉ်းထောင်သို့လည်းကောင်း၊ ၁၅ ဦးကို သံတွဲ အကျဉ်းထောင်သို့ လည်းကောင်း ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

လုံခြံုရေးအရ အေအေတပ်ဖွဲ့ဝင် ၃၅ ဦးကို စစ်တွေထောင်တစ်ခုတည်းတွင် စုပြီးမထားလိုသဖြင့် နေရာခွဲပြီး ပို့ဆောင်ခြင်း ဖြစ်ကြောင်း စစ်တွေ ထောင်တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။

ယခု ပို့ဆောင်ခံရသူများသည် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)/ ၁၇(၂) တို့ဖြင့် ယခုနှစ် မတ်လနှင့် ဧပြီလအတွင်း ထောင် ၃ နှစ်မှ ၅ နှစ်စီ ချမှတ်ခံခဲ့ကြသူများ ဖြစ်ကြသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...