ဖလမ်းမြို့တွင် ရက် ၁၀၀ အတွင်း လျှပ်စစ်မီးရရှိတော့မည်

ဖလမ်းမြို့တွင် ရက် ၁၀၀ အတွင်း လျှပ်စစ်မီးရရှိတော့မည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် ဖလမ်းမြို့တွင် ရက်ပေါင်း ၁၀၀ အတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်တော့မည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောသည်။

falam 2မေလ ၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ ဦးဇုန်လှယ်ထန်းမှ ဖလမ်းမြို့သို့ ၂၀၁၄ – ၂၀၁၅ ခုနှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန က ဖြေကြားခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ မဟာဓာတ်အားလိုင်း မရရှိသေးသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် မိုးရာသီတုန်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိခဲ့သဖြင့် စီမံကိန်းပစ္စည်းများ ပို့ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ တာဝါတိုင်နေရာများရှိ မြေလွှာများ ပြတ်ရွေ့ခြင်း၊ မြေကျွံခြင်းတို့ဖြစ်ပေါ်ပြီး တာဝါတိုင်ဖောင်ဒေးရှင်းများ ရွေ့လျား ပျက်စီး ခဲ့သည့်အတွက် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည့်အတွက် ဖလမ်းမြို့သို့ ၂၀၁၄-၁၅ ခုနှစ်အတွင်းက မဟာဓာတ်အားလိုင်း သွယ်တန်းနိုင်မှု မရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

သို့သော်လည်း ယခုအခါ ၆၆ ကေဗွီ ဟားခါး-ဖလမ်း ဓာတ်အားလိုင်းမှာ ၉၉.၂၃ ရာခိုင်နှုန်း နှင့် ၆၆ ကေဗွီ ဖလမ်း ဓာတ်အားခွဲရုံမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဖလမ်းမြို့သို့ လျှပ်စစ်ဓာတ်အား မကြာမီဖြန့်ဖြူးပေးနိုင်တော့ မည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...