ရခိုင်စစ်ပွဲရပ်ရေး အရေးကြီး အဆို လွှတ်တော်တွင်တင်သွင်း

ရခိုင်စစ်ပွဲရပ်ရေး အရေးကြီး အဆို လွှတ်တော်တွင်တင်သွင်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်စဲပြီး ရက္ခိုင့်တပ်မတော် (AA)နှင့် မြန်မာ့ အစိုးရတို့ အကြား ညှိနိုင်းဆွေးနွေးရန် တိုက်တွန်းသည့် အရေးကြီး အဆိုကို ရခိုင်အမျိုးသားပါတီမှ စစ်တွေမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က မေလ ၂ ရက်နေ့တွင် တင်သွင်းခဲ့သည်။
Wai Sein Aung
စစ်တွေမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်

၎င်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် သင့် မသင့်ကို မဲခွဲဆုံးဖြတ်ရာ အများစုက ထောက်ခံသဖြင့်  မေလ ၃ ရက် (ယနေ့) တွင် ဆက် လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။

စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီရေးကိုလည်း ယနေ့ ဆွေးနွေးမည့် အဆိုတွင် ပါ၀င်ခဲ့ကြောင်း သိရသည်။

တပ်မတော် ကိုယ်စားလှယ်ဘက်က ရက္ခိုင်တပ်မတော် အသုံးအနှုန်းကို ကန့်ကွက်ခဲ့သဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက AA လက်နက်ကိုင်အဖွဲ့ဟုသာ သုံးနှုန်းရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

တပ်မတော် ကိုယ်စားလှယ်များမှ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး စားပွဲဝိုင်းတွင် အဖြေရှာမည်ကို မူအားဖြင့် သဘောတူကြောင်း၊ အရေးကြီး အဆို တင်သွင်းမည့် အစား ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှသာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်းခွင့်ရသဖြင့် ရခိုင်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရေး၊ ရက္ခိုင့်တပ်မတော် (AA) အား ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဖိတ်ခေါ်ရေးတို့မှာ လမ်းစပွင့်သွားနိုင်ဖွယ် ရှိနေကြောင်း နိုင်ငံရေး အကဲခတ်များက ပြောကြားသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...