ပျက်စီးမြေယာလျော်ကြေးရရှိရေးအတွက် တရုတ်ကုမ္ပဏီ CNPC ကို ကျောက်ဖြူတွင် ဆန္ဒပြတောင်းဆို

ပျက်စီးမြေယာလျော်ကြေးရရှိရေးအတွက် တရုတ်ကုမ္ပဏီ CNPC ကို ကျောက်ဖြူတွင် ဆန္ဒပြတောင်းဆို
by -
နိရဥ္စရာ
ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ရွှံ့ဖုံး၍ ပျက်စီးသွားတဲ့မြေယာများလျော်ကြေးရရှိရေးအတွက် ကျောက်ဖြူတွင် မေလ ၂ ရက်နေ့  ညနေ ၃ နာရီခန့်က မလကျွန်းကျေးရွာအနီးရှိ တရုတ်ကုမ္ပဏီ China National Petroleum Corporation(CNPC) ရုံးရှေ့တွင် လယ်သမား  (၈၀) ခန်​့ ဆန္ဒ တောင်းဆိုခဲ့ကြသည်။

ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူမြို့နယ် လိပ်ခမော်၊ ဂုံးချိန်၊ အုန်းတော စသည့် ကျေးရွာအုပ်စုတို့မှ လယ်သမား  ၃၈ ဦးပိုင် လယ်ယာမြေ ဧက (၃၄ ဒသမ ၆၂)ကို ပြန်လည် ပြုပြင်ပေးရေးနှင့် လျော်ကြေးရရှိရေး အတွက် ဒေသခံလယ်သမားများမှ တောင်းဆို ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် ဂုံးရှိန်ရွာမှ ဒေါ်ကြည်ကြည်နှင်းက “ ပိုက်လိုင်းဖြတ်သွားတဲ့ အတွက် ရွှံ့တွေ ဖုံးသွားတဲ့ လယ်တစ်ဧကို သီးနှံဖိုး အတွက် သူတို့ လျော်ကြေးပေးတဲ့ နှုန်းထားအတိုင်း တစ်ဧက သုံးသိန်းနဲ့ ၅ ဆ လျော်ကြေးပေးမယ်လို့ တရုတ်ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောတယ်။ ဒါဟာ နှစ်ပေါင်း သုံးဆယ်အတွက် ဖြစ်တယ်။ ကျွန်မတို့က လျော်ကြေးထက် ရွှံ့ဖုံးနေတဲ့ လယ်တွေကို ပြန်လည် ဖော်ပေးဖို့နဲ့ မိုးတွင်း ပိုက်လိုင်းက ရွှံ့နွံတွေ လယ်ထဲကို မစီးဆင်းဖို့ အတွက် ရေနှုတ်မြောင်းတွေ၊ အကာအရံတွေ လုပ်ပေးဖို့တောင်းဆိုတယ်။ ကျွန်မတို့ တောင်းဆိုတာကို မလိုက်လျောတဲ့ အတွက် ခုလို ဆန္ဒပြပြီး မိမိတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လယ်သမားများ အနေဖြင့် လျော်ကြေးထက် လယ်များကို ဆက်လက် စိုက်ပျိုးနိုင်ရန် စီစဉ်ပေးမှုကိုသာ ပိုလိုလားကြသည်ဟု ဆိုသည်။

ဆန္ဒပြသူများသည် ဂုံးချိန်ကျေးရွာရှိ ပေါ်တော်မူက့ံကော်တောဘုရားတွင် စုဝေးပြီး မလကျွန်းကျေးရွာအနီး CNPC ရုံးရှေ့သို့ လမ်းလျှောက် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Protest against CNPC

ဆန္ဒဖော်ထုတ်ပွဲတွင် ပိုက်လိုင်းမြေယာအရေးဖြေရှင်းပေး၊ ဒေသခံများအရေးလေးစားပါ၊ CNPC Get Out ၊ CNPC ကုမ္ပဏီထွက်သွား ၊ CNPC အလိုမရှိ စသည့် စာသားပါ ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

” ကျ​နော်​တို့လယ်​​မြေ​တွေကို ပြန်​ပြုပြင်​​ပေးဖို့ တောင်​းဆိုဆန္ဒပြတာဖြစ်​ပါတယ်​။ ပြန်​ပြီးမပြုပြင်​​ပေးနိုင်​လို့ရှိရင်​ ကျ​နော်​တို့ကို နှစ်​သုံးဆယ်​စာ​လျော်​​ကြေး​ပေးဖို့ ​တောင်​းဆိုပါတယ်​။ သူတို့​ပေးတဲ့  ငါးနှစ်​စာ​ လျော်​​ကြေးကို မယူနိုင်​ဘူး။ သူတို့​ပေးတဲ့ ငါးနှစ်​စာ​လျော်​​ကြေးက ကျ​နော်​တို့မှာ ပျက်​စီးသွားတဲ့ လယ်​​မြေ​တွေကို ပြန်​ပြီးပြုပြင်လို့မရ​နိုင်​ဘူး။ ဒါ​ကြောင်​့ အနှစ်​သုံးဆယ်​​​လျော်​​ကြေး​ပေးဖို့​တောင်​းဆိုပါတယ်​” ဟု ဦး​ဆောင်​သူ လယ်​သမားတစ်​ဦးဖြစ်​သူ မလကျွန်​း​ကျေးရွာမှ ဦးစိုးလွင်​ က​ပြောသည်​။

၎င်းကျေးရွာအုပ်စုမှ လယ်သမား  ၄၆ဦး အနက် လယ်သမား ၈ ဦးခန့်မှာ ငါးနှစ်စာ အပြီးပြတ်လျော်ကြေးကို သဘောတူ လက်ခံထားကြပြီး လူပေါင်း ၃၈ ဦးမှာ ငါးနှစ်စာ အပြီးပြတ်လျော်ကြေးကို သဘော မတူသည့် အတွက် နှစ်သုံးဆယ်လျော်ကြေးရရှိရေး (သို့မဟုတ်) ပျက်စီး လယ်ယာမြေများကို နဂိုအတိုင်း ပြန်ပြုပြင်ပေးရန် အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...