ချင်းပြည် ပြန်လည်ထူထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် နှင့် ဂျပန်ပူးပေါင်းပြီး ကန်ဒေါ်လာ ၁၀ သန်းကူညီမည်

ချင်းပြည် ပြန်လည်ထူထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် နှင့် ဂျပန်ပူးပေါင်းပြီး ကန်ဒေါ်လာ ၁၀ သန်းကူညီမည်
by -
ခိုနူမ်းထုန်
သဘာ ၀ဘေး ဒဏ်ခံခဲ့ ရသော ချင်းပြည်နယ် ပြန်လည် ထူထောင်ရေး အတွက် အာရှဖွံ့ဖြိုးရေး ဘဏ် Asian Development Bank (ADB) နှင့် ဂျပန်နိုင်ငံ တို့ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီ မည်ဟု သိရ သည်။

မြန်မာနိုင်ငံ တွင် အဆင်းရဲဆုံး နှင့် ဝေလံခေါင်းဖျား အဖြစ်ဆုံးဒေသ တစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ယမန်နှစ် ဇွန်၊ ဇူလိုင် လက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုတောင်ပြိုမှုများကြောင့် ပျက်စီးသွားခဲ့သော အခြေခံ အဆောက် အဦးများ ပြန်လည် တည်ဆောက်ရေး နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်များ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်နိုင်ငံ၏  ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေမှ ငွေးကြေးထောက်ပံ့မှုဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန် ဒေါ်လာ ၁၀ သန်း ကူညီရန်သွား မည် ဟု ADB ၏အွန်လိုင်းစာမျက်နှာတွင် ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“၂၀၁၅ ခုနှစ် ဇွန်လ နဲ့ ဇူလိုင်လက အတွင်းကဖြစ်ပွားခဲ့တဲ့ ဆိုးရွားပြင်းထန်တဲ့ ရေကြီးမှု မြေပြိုမှုတွေက ချင်းပြည်နယ် တဝန်းမှာပျက်စီးဆုံးရှံူးမှုများစွာဖြစ်ပေါ်စေခဲ့တယ်၊ လမ်း၊ မီး၊ ရေ တွေလည်း အကုန်ပြတ်တောက် ကုန် တယ် ၊ ကျေးလက်ဒေသက ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် အရေးပါတဲ့ ပျက်စီးသွားတဲ့အရာတွေကို ပြန်လည်ထူထောင်တဲ့လုပ်ငန်းတွေကို အခု ဂျပန်နိုင်ငံကပို့တဲ့ငွေကြေးနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်’’ ဟု အာရှဖွံ့ဖြိုးရေး ဘဏ်၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Winfried Wicklein ကပြောသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ စီမံကိန်းအရ ချင်းပြည်နယ် ရ မြို့နယ်ရှိကျေးလက်ဒေသလမ်းများကို ရာသီဥတုပြောင်းလဲခြင်း နှင့် အနာဂတ်သဘာဝဘေးဒဏ်များအား ခံနိုင်ရည်ရှိစေမည့် ပိုမိုကောင်းမွန်သော တည်ဆောက်ခြင်းနည်းလမ်း များကို အသုံးပြု ကာအဆင့်မြှင့်တင်သွားမည်ဟုသိရသည်။

ထို့အပြင် ကျေးရွာ ၂၅ ရွာတွင် လျှပ်စစ်မီးပေးစနစ်များပြုပြင်ခြင်း၊ ကျေးရွာ ၄၄ ရွာတွင် ရေပေးဝေမှုအခြေခံ အဆောက်အဦးများ အဆင့်မြှင့်ပေးခြင်း နှင့် ရေလွှမ်းခံ ခဲ့ရသော စိုက်ပျိူးမြေများကို ပြန်လည်ဖော်ထုတ်ခြင်းများ လုပ်ဆောင်သွားမည်ဟု ၎င်းတို့အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်၏ အထူးပြင်ပဆက်ဆံရေးအရာရှိ Mr. Jon Larkin က “ ဒါ စီမံကိန်းပဲရှိပါ သေးတယ်၊ အဲဒီအတွက် အသေးစိတ် ကွင်းဆင်းလေ့လာမှုတွေကို လာမည့် မေ နဲ့ ဇွန်လမှာ စတင် လုပ်ဆောင်သွား ပါမယ်၊ လက်တွေ့ အကောင်ထည်ဖော်မှုပိုင်းကိုတော့ ဒီနှစ်မိုးကုန်အပြီး အောက်တိုဘာ၊ နိုင်ဝင်ဘာလလောက်မှာ စတင်နိုင်မှာပါ’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

အဆိုပါစီမံကိန်းကို ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ် နှင့် မတူပီ စသည့်မြို့နယ် ရ မြို့ နယ်တွင် အဓိကအကောင်ထည်ဖော်သွားမည်ဟု ၎င်းကဆက်ပြောသည်။ စီမံကိန်းကာလသည် ၃ နှစ် ခန့်ကြာမြင့်မည်ဖြစ် ပြီး ၂၀၁၉ ခုနှစ်ဧပြီလတွင် ပြီးစီးနိုင်ရန် ရည်မှန်းထားသည်ဟုလည်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...