မီဇိုရမ်ပြည်နယ်အတွင်း လေ နှင့် မိုးသီးကြောင့် အိမ်ခြေ ၃၃၀ ကျော် ပျက်စီး

မီဇိုရမ်ပြည်နယ်အတွင်း လေ နှင့် မိုးသီးကြောင့် အိမ်ခြေ ၃၃၀ ကျော် ပျက်စီး
by -
ခိုနူမ်းထုန်
ပြီးခဲ့သည့် ဧပြီလ ၁၅-၁၆ ရက်နေ့များက မီဇိုရမ်ပြည်နယ်အတွင်း ပြင်းထန်စွာတိုက်ခပ်လာသော လေ နှင့် မိုးသီးကြောင့် အိမ်ခြေ ၃၃၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပြီး အိမ်ခြေ ရ၀ ခန့်မှာ လူနေလို့မရလောက်အောင် အကုန် ပျက် စီး သွားတယ်လို့ သိရသည်။

အဆိုပါ တိုက်ခပ်လာသော လေပြင်းကြောင့် မီဇိုရမ်ပြည်နယ် Mamit ဒေသအတွင်းရှိ အိမ်ခြေ ၁၀၀ ခန့် ပျက်စီးသွားပြီး အိမ်ခြေ ၁၆ လုံးမှာ လူနေထိုင်လို့မရလောက်အောင် အကုန်ပျက်စီးခဲ့သည့်အပြင် Seventhday Adventist ဘုရားကျောင်း နှင့် ကျောင်းဆောင်တခုပါ ပျက်စီးသွား တယ်လို့ ထပ်မှန်သိရပါသည်။

ယခုလို လေပြင်းတိုက်ခပ်မှုကြောင့် အိမ်ခြေ ရာနှင့်ချီ ပျက်စီးနေသော်လည်း လူသေလူပျောက်မရှိဘူးလို့ ဒေသထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။

ဒါ့အပြင် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့မနက် ၄ နာရီခန့်တွင် အပြင်းအထန် တိုက်ခတ်လာသော လေ နှင့် မိုးသီးတွေကြောင့် မီဇိုရမ်ပြည်နယ် West Phaileng ဒေသတွင် အိမ်ခြေ ၁၇၂ လုံး ပျက်စီးသွားပြီး အိမခြေ ၄၀ ခန့်ဟာ လူနေ လို့မရတော့ကြောင်း သိရသည်။

ယခုလို ပျက်စီးသွားသည့်အိမ်များအနက် အစိုးရအိမ် ၁၃ လုံး၊ ဘုရားကျောင်း ၃ လုံး နှင့် ကျောင်းဆောင်တစ်လုံးပါ ပျက်စီးသွားသည်ဟု Vanglaini သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ လေကြောင့် သစ်ပင်များလဲခြင်း၊ သစ်ပင်ကိုင်းများ ကျိုးကျခြင်း နှင့် မီးတိုင်းအတော်များများလည်း လဲကျကြောင်းလည်း သိရသည်။ မီဇိုရမ်ပြည်နယ်အတွင်း ယခုလို လေ နှင့် မိုးသီးကြောင့် ပျက်စီးသွားသည့် အိမ်ခြေ အတော် များများရှိခဲ့ပြီး အချို့ကျေရွာများ၌ အိမ် နှစ်လုံးသုံးလုံး စသဖြင့် ပျက်စီးသွားသည့် ကျေးရွာ တော်တော်များများလည်း ရှိသည်။

အခုလို လေ နှင့် မိုးသီးတွေကြောင့် ပျက်စီးသွားသော ဒေသများ၌ တာဝန်ရှိသူများက ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ လုပ်ဆောင်နေကြကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...