(၉) ကြိမ်မြောက် အတာသင်္ကြန်ပွဲ မီဇိုရမ်တွင် ကျင်းပ

(၉) ကြိမ်မြောက် အတာသင်္ကြန်ပွဲ မီဇိုရမ်တွင် ကျင်းပ
by -
ခိုနူမ်းထုန်
မြန်မာလူမှုရေးအသင်းဦးဆောင်မှုဖြင့် (၉) ကြိမ်မြောက် အတာသင်္ကြန်ပွဲကို မီဇိုရမ်ပြည်နယ်ရောက် မြန်မာလူမျိုးများနှင့်အတူ ပျော်ပွဲစား ဥယျာဉ်တွင် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က သွားရောက်ကျင်းပခဲ့ကြသည်။

ယင်း ကိစ္စနဲ့ပတ် သက်ပြီး မြန်မာလူမျိုးများရဲ့ တစ်နှစ်မှာ တစ်ကြိမ်ကျင်းပရတဲ့ ရိုးရာပွဲ ယဉ်ကျေးမှုပွဲတခုဖြစ်တဲ့ အတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတွေ ရှိတဲ့ မီဇိုရမ်ပြည်နယ်မှာလည်း ပျော်စေချင်လို့ နောက်ပြီးတော့ ဒီရိုးရာပွဲ မပပျောက်လေအောင် ကျင်းပ ရခြင်းဖြစ် တယ်လို့ မြန်မာလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ရွှေက ယခုလို ပြောပါတယ်။

“ကျနော်တို့ မြန်မာလူမျိုးတွေရှိတဲ့နေရာမှာ မြန်မာ့ရိုးရာ၊ ယဉ်ကျေးမှု မပပျောက်လေအောင် မြန်မာ့ရိုးရာကို ထိန်းသိမ်းတဲ့အနေနဲ့ ကျင်းပရခြင်းဖြစ် တယ်” လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မြန်မာလူမှုရေးအသင်းမှ ဦးဆောင်ပြီးပြုလုပ်ကျင်းပတဲ့ အတာသင်္ကြန်ပွဲကြီးဟာ ယခုဆို (၉) ကြိမ်မြောက်ရှိလာပြီဖြစ်ကြောင်း နှင့် အရင်းနှစ်တွေကလို မီဇိုရမ်ပြည်နယ်မှာ မြန်မာလူမျိုးတွေ အများအပြား မရှိသော်လည်း နောင်နှစ်တွေမှာလည်း ဆက်လက်ပြီး လုပ်ဆောင်သင့်တဲ့ ယဉ်ကျေးမှုပွဲဖြစ်တယ်လို့ မြန်မာလူမှုရေးအသင်း ဒု-ဥက္ကဋ္ဌ ဦးရွှေမန်းက ယခုလို ပြောပါတယ်။

“ဒီနှစ်က မြန်မာလူမျိုးတွေ အရမ်းကို နည်းလာတယ်။ မြန်မာပြည်ကို ပြန်သွားတဲ့သူတွေ များတယ်။ ဒါပေမယ့် ကျနော်တို့ မှန်းထားသလောက် လူဦးရေလာရောက်ပါတယ်။ ဒီလိုပွဲမျိုး ကို နှောင်နှစ်တွေမှာလည်း ပြုလုပ်သင့် တဲ့အရာဖြစ်တယ်။ မြန်မာလူမျိုးရှိနေသရွေ့ လုပ်သင့်တဲ့အရာ ဖြစ်တယ်။”

မြန်မာလူမှုရေးအသင်းမှ ဦးစီးဦးဆောင်ပြီး ကျင်းပပြုလုပ်တဲ့ ၂၀၁၆ ခုနှစ် အတာသင်္ကြန်ပွဲမှာ မြန်မာလူမျိုး ရ၀ ကျော် သွားရောက် ကျင်းပခဲ့သည်။

အရင်တုန်းကဆိုရင် မြန်မာလူမျိုးအများစုနေထိုင်သည့် Zuangtui ရပ်ကွက်တွင် Stage စင်များထူကာ အဆိုအက များဖြင့် ပြုလုပ်ခဲ့ဖူးသည်။ သို့သော်လည်း မကြာခဏ ဒေသခံအာဏာပိုင်များရဲ့ ဖမ်းဆီးမှုများကြောင့် ယခုလို တိတ်ဆိတ်တဲ့နေရာဖြစ်တဲ့ ပန်းခြံ၊ ဥယျာဉ် တွေမှာ သွားရောက် ကျင်းပခဲ့ရခြင်းဖြစ်သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...