ရခိုင်လူငယ် ၆ ဦးကို ကျောက်တော်တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ခံရ

ရခိုင်လူငယ် ၆ ဦးကို ကျောက်တော်တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးမှ ယနေ့တွင် ရခိုင်လူငယ် ၆ ဦးကို ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုဖြင့် ထောင် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု သိရသည်။

သူတို့ ၆ ဦးစလုံးက ရက္ခိုင့်တပ်မတော်မှ ဖြစ်ကြောင်း ဝန်ခံသဖြင့် တရားသူကြီးက ထိုသို့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့အမှုကို ရှေ့နေလိုက်ပေးနေသူ ကိုထွန်းလှက  နိရဥ္စရာ သတင်းဌာနသို ့ အတည်ပြုပြောကြားသည်။

“သူ ့တို ့ကတော့ အေအေက ဖြစ်ကြောင်း ဝန်ခံပါတယ်။ အဓိကတော့ အစိုးရသစ် လက်ထက်မှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင်ကို မျှော်လင့်ပြီး ဝန်ခံလိုက်တာလို ့မြင်ပါတယ်။ သူတို ့က ၂၀၁၅ ဧပြီလ လောက် ကတည်းက ဖမ်းဆီးတရားစွဲဆို ခံထားရပေမယ့် ခုမှ ဝန်ခံလိုက်ကြတာပါ”ဟု သူကဆိုသည်။

သူတို့အား မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ်  ၃ နှင့် ၁၇ (၂) ဖြင့် ထောင်ဒဏ် ၅ နှစ် စီ အသီးသီး ချမျတ်လိုက်သည်ဟု ရှေ့နေ ကိုထွန်းလှက ပြောသည်။

ထောင်ဒဏ် ၅ နှစ်ချခံရသူများမှာ

၁။ကိုမောင်ရွှေသီး (ဘ)ပန်းအောင်ဖြူ၊ စံဂိုးတောင်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်။

၂။ညီညီလှိုင် (ဘ )ဦးသာဒိုး၊ ရှမ်းရွာရပ်ကွက်၊ ကျောက်တော်မြို့။

၃။ကိုဇင်မျိုးအောင် (ဘ )ဦးင/လုံးချေ၊ ဇင်ချောင်းကျေးရွာ၊ ကျောက်ဖြူမြို ့နယ်

၃နှစ်စီ ချမှတ်ခံရသူများမှာ-

၁။ကိုစံအေးမောင် (ဘ )ဦးမောင်အေးသိန်း၊ မြို့သစ်ရပ်ကွက်၊ ကျောက်တော်မြို  ့။

၂။ကိုမောင်ရွှေလုံး(ကျောင်းဆရာ) (ဘ) ဦးရွှေစောမောင်၊ ငစရိုင်းချောင်းကျေးရွာ၊ မင်းပြားမြို့နယ်။

၃။ကိုစံမောင်သာ (ဘ) ဦးအောင်စံဘော်၊ လင့်ဇင်ကျေးရွာ၊ကျောက်တော်မြို ့နယ် တို ့ဖြစ်သည်။

သူတို့  ၆ ဦးအား အမှုဆုံးဖြတ်ပြီးနောက် စစ်တွေ အကျဉ်းထောင်သို ့ ပို ့ဆောင်လိုက်ကြောင်း သိရသည်။

စစ်တွေမြို ့နယ် တရားရုံးတွင်လည်း အေအေနှင့် ဆက်စပ်မှုဖြင့်  ရခိုင်လူငယ် ၁၃ ဦးကို ယနေ့တွင်  ရုံးထုတ် စစ်ဆေးကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...