လင်မယားရန်ဖြစ်ရာမှ လင်ဖြစ်သူ မီးရှို့၍ မြေပုံမြို့နယ်တွင် အိမ် ၆ လုံး မီးလောင်

လင်မယားရန်ဖြစ်ရာမှ လင်ဖြစ်သူ မီးရှို့၍ မြေပုံမြို့နယ်တွင် အိမ် ၆ လုံး မီးလောင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မြေပုံမြို့နယ် စိတ္တရကျေးရွာတွင် ဧပြီ ၃ ရက်နေ့ ညနေက လင်မယားရန်ဖြစ်ရာမှ  လင်ဖြစ်သူက ကိုယ့်အိမ်ကိုကိုယ် မီးရှို့သဖြင့် အိမ်ခြောက်လုံး မီးလောင်သွားသည်ဟု သတင်း ရရှိသည်။

မီးလောင်မှုမှာ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း၊ လင်မယားရန်ဖြစ်ရာမှ ဦးမောင်စိတ်ကေမှ ကိုယ့်အိမ်ကို မီးရှို့ကြောင်း၊ မီးရှို့မှုကြောင်း သူ့အိမ် အပါအဝင် နောက်ထပ် လူနေအိမ် ၅ လုံး မီးထဲပါသွားကြောင်း၊ နောက်ထပ် လူနေအိမ် ၃ လုံးမှာ မီးကူးမည်ကို စိုးရိမ်ရသဖြင့် ဖျက်ပစ်လိုက်ရကြောင်း စိတ္တရကျေးရွာမှ ဆယ်တန်းကျောင်းသူ တစ်ဦးက ပြောသည်။

မီးလောင်၍ အိမ်ပါသွားသူ ဦးစံနုဖြူက “ ည ၈ နာရီလောက်မှာ စမီးလောင်ပါတယ်။ ကျွန်တော်အိမ်ကို မီးကူးပြီး နောက် ဒေါ်နှင်းရီ အိမ် ဆက်လောင်ပါတယ်။ ၉ နာရီခွဲမှ ရွာသားတွေ ၀ိုင်းဝန်း မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

မီးလောင်ခံရသော အိမ်များမှာ ဦးမောင်စိတ်ကေ၊ ဦးစံနုဖြူ၊ ဦးမောင်ကျော်၊ ဒေါ်ယဉ်ဖြူ၊ ဦးညီကြီး၊ ဦးမောင်ပွ တို့ ဖြစ်ကြသည်။

” မီးလောင် ပျက်စီးသွားတာက ဓနီးမိုး ထရံကာ အိမ်ခြောက်ဆောင်ပါ။ ကျန်တဲ့အိမ် ၃ဆောင်ကိုတော့ မီးမကူးစက်နိုင်အောင် အနည်း အကျည်းဖြိုဖျက်လိုက်ရပါတယ်။ မီးရှို့တဲ့သူက  ဦးစိတ်ကတော့ မီးလောင် ဒဏ်ရာ နည်းနည်းရှိပါတယ်” ဟု ကန်းထောင်ကြီး ရဲစခန်းမှစခန်းမှူး ဦးခိုင်စိုးထွန်းက နိရဥ္စရာသို့အတည် ပြုပြောဆိုသည်။

တရားလို ဦးဖြူစံနုက  မီးရှို့မှု  ပုဒ်မ ၄၃၆ ဖြင့် ဦးမောင်စိတ်ကေအား အမှုဖွင့်ထား ကြောင်း စခန်းမှူးက ဆက်လက် ပြောကြားသည်။

မီးလောင်မှုကြောင့် မိသားစု ရ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

မီးသတ်ရာတွင် ရွာသားများမှ ကန်ရေကို အသုံပြုခဲ့ရသဖြင့် ရေကန်အတွင်းမှ ရေမှာ နောက်ကျိ သွား၍ သုံးစွဲရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...