ဦး ဆလိုင်းလျန်လွယ် ကို ချင်းပြည်နယ် ၀န် ကြီးချုပ် အဖြစ် ပြည်နယ် လွှတ်တော် အတည်ပြု

ဦး ဆလိုင်းလျန်လွယ် ကို ချင်းပြည်နယ် ၀န် ကြီးချုပ် အဖြစ် ပြည်နယ် လွှတ်တော် အတည်ပြု
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်၏ ၀န်ကြီးချုပ်အဖြစ် ဦးဆလိုင်းလျန်လွယ်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရွေးချယ်လိုက်ပြီး မတ်လ ၂၉ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခန့်အပ်လိုက် ပြီဖြစ်သည်။

Pu Salai Lian Luaiဦးဆလိုင်းလျန်လွယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ(၂) မှ ရွေး ကောက်ခံရသူဖြစ်သည်။ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့ နှင့် ဒုဥက္ကဋ္ဌ ဦးအောင်သန်းအား ရွေးချယ်အတည် ပြုသည့် လွှတ်တော်အစည်းအဝေးတွင်လည်း လွှတ်တော်သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 ချင်းပြည်နယ် ဖလမ်းမြို့နယ် Airibual ဇာတိဖြစ်သော အသက် (၆၂) အရွယ် ဦးဆလိုင်းလျန်လွယ်သည် ရန်ကုန်တက္က သိုလ်မှ ဥပဒေဘွဲ့ (LLB) အားရရှိခဲ့သူဖြစ်သည်။ ဥပဒေအရာရှိအနေဖြင့် ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မြို့၊ (၁၉၈၄–၈၇)တွင် ကလေးမြို့၊ (၁၉၈၇–၈၉)တွင် ဖလမ်းမြို့၊(၁၉၈၉–၉၂)တွင် မင်းတပ် – မတူပီမြို့၊ (၁၉၉၂–၂၀၀၆)တွင် အမရပူရ၊ (၂၀၀၆–၂၀၁၀)တွင် စစ်ကိုင်းမြို့၊ (၂၀၁၀–၂၀၁၃)တွင် ဖလမ်းမြို့ နှင့် (၂၀၁၃–၂၀၁၄)တွင် တမူးခရိုင်ဥပဒေအရာရှိအဖြစ် အသီးသီး အစိုးရဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အစိုးရဝန်ထမ်းမှ အငြိမ်းစားယူပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ တွင် NLD ပါတီကိုယ် စားလှယ်လောင်းအနေဖြင့် ဖလမ်းမြို့ ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။

 သူသည် တက္ကသိုလ်ကျောင်းသားဘဝတွင်လည်း ဆလိုင်း–မိုင်လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသား လှုပ်ရှားမှုများတွင် ချင်းကျောင်းသားခေါင်းဆောင်များဖြစ် ကြသော ဆလိုင်းရမ်းလိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့နှင့်အတူ တက်ကြွစွာပါ၀င် လှုပ်ရှားခဲ့သူဖြစ်သည်။

 ဦးဆလိုင်းလျန်လွယ်သည် ဇနီးဒေါ်ရွန်နယ်ပါရ် ၊ သား မောင်ပန်ဟုန်း၊ မောင်ယောရှုကျုံးဟူးလျန်း၊ သမီး မကျည်အဲမ်း၊ မယုံးမော်တို့နှင့်အတူ ဖလမ်းမြို့ဖာရ်ထောက်ရပ်ကွက်တွင်နေထိုင်လျက်ရှိသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...