ဦးဆလိုင်းလျန်လွယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ(၂) မှ ရွေး ကောက်ခံရသူဖြစ်သည်။ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့ နှင့် ဒုဥက္ကဋ္ဌ ဦးအောင်သန်းအား ရွေးချယ်အတည် ပြုသည့် လွှတ်တော်အစည်းအဝေးတွင်လည်း လွှတ်တော်သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် Airibual ဇာတိဖြစ်သော အသက် (၆၂) အရွယ် ဦးဆလိုင်းလျန်လွယ်သည် ရန်ကုန်တက္က သိုလ်မှ ဥပဒေဘွဲ့ (LLB) အားရရှိခဲ့သူဖြစ်သည်။ ဥပဒေအရာရှိအနေဖြင့် ၁၉၈၃ ခုနှစ်တွင် ရန်ကုန်မြို့၊ (၁၉၈၄–၈၇)တွင် ကလေးမြို့၊ (၁၉၈၇–၈၉)တွင် ဖလမ်းမြို့၊(၁၉၈၉–၉၂)တွင် မင်းတပ် – မတူပီမြို့၊ (၁၉၉၂–၂၀၀၆)တွင် အမရပူရ၊ (၂၀၀၆–၂၀၁၀)တွင် စစ်ကိုင်းမြို့၊ (၂၀၁၀–၂၀၁၃)တွင် ဖလမ်းမြို့ နှင့် (၂၀၁၃–၂၀၁၄)တွင် တမူးခရိုင်ဥပဒေအရာရှိအဖြစ် အသီးသီး အစိုးရဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အစိုးရဝန်ထမ်းမှ အငြိမ်းစားယူပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ တွင် NLD ပါတီကိုယ် စားလှယ်လောင်းအနေဖြင့် ဖလမ်းမြို့ ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။
သူသည် တက္ကသိုလ်ကျောင်းသားဘဝတွင်လည်း ဆလိုင်း–မိုင်လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသား လှုပ်ရှားမှုများတွင် ချင်းကျောင်းသားခေါင်းဆောင်များဖြစ် ကြသော ဆလိုင်းရမ်းလိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့နှင့်အတူ တက်ကြွစွာပါ၀င် လှုပ်ရှားခဲ့သူဖြစ်သည်။
ဦးဆလိုင်းလျန်လွယ်သည် ဇနီးဒေါ်ရွန်နယ်ပါရ် ၊ သား မောင်ပန်ဟုန်း၊ မောင်ယောရှုကျုံးဟူးလျန်း၊ သမီး မကျည်အဲမ်း၊ မယုံးမော်တို့နှင့်အတူ ဖလမ်းမြို့ဖာရ်ထောက်ရပ်ကွက်တွင်နေထိုင်လျက်ရှိသည်။







