နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်တော်ရ ရခိုင် ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနား ရန်ကုန်တွင် ကျင်းပ

နိုင်ငံတော်အဆင့် ဘွဲ့တံဆိပ်တော်ရ ရခိုင် ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနား ရန်ကုန်တွင် ကျင်းပ
by -
နိရဥ္စရာ
၂၉ ကြိမ်မြောက် ဘွဲ့တံဆိပ်တော်ရ ရခိုင် ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဌပူဇာ မင်္ဂလာ အခမ်းအနားကို  ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတာ် အရှေ့ဖက်မုဒ် အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် မတ်လ ၂၆ ရက်နေ ့ ကျင်းပခဲ့သည်။

အခမ်းအနားအား နံနက် ၈  နာရီကျော်က စတင်ကျင်းပရာ  ဘွဲ ့တံဆိပ်တော်ရ ဆရာတော်ကြီး (၉) ပါးအား ရခိုင်မင်္ဂလာစည်တော်တီး၍ ပင့်ဆောင်ကြိုဆိုခဲ့ကြသည်။

DSC 0245

ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားမှာ နိုင်ငံတော် အစိုးရမှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရသော ရခိုင် မျိုးနွယ်စုဝင် ဆရာတော်ကြီးများကို ထပ်ဆင့် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

ဂုဏဝိသိဌပူဇာ မင်္ဂလာပွဲတွင် ဂုဏ်ပြုချီးကျူးခြင်းခံရသော  ဆရာတော်ကြီးများမှာ

၁။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ ့တံဆိပ်တော်ရ မင်းပြား ဇာတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ညာဏိသာရ၊ ဉာဏဝါသကျောင်း၊  မြန်မာ ဗုဒ္ဓဘာသာကျောင်းတိုက်၊ ဗုဒ္ဓနာဂရီရပ်ကွက်၊  ကုသိနာရုံခရိုင် ဂေါ်ရခပူတိုင်း ယူပီပြည်နယ် အိန္ဒိယနိုင်ငံ။

၂။ အဂ္ဂမဟာပဏ္ဍိတဘွဲ ့တံဆိပ်တော်ရ ရမ်းဗြဲ ဇာတိ ဆရာတော် ဘဒ္ဒန္တသီလဝံသာဘိဝံသ၊ အောင်မြေရတနာ ကျောင်းတိုက်၊ ပဓာနနာယက ဆရာတော်၊ အမှတ် ၅၀ ရပ်ကွက်၊ ဒဂုံမြို ့သစ်  (မြောက်ပိုင်း) ရန်ကုန်တိုင်း ဒေသကြီး။

၃။ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ ့တံဆိပ်တော်ရ မြေပုံဇာတိ ဆရာတော်ဘဒ္ဒန္တပညာသာရ၊ ရွှေနံ ့သာပရိယတ္တိ စာသင်တိုက် အရာရှိရပ်ကွက်၊ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်။

၄။ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မောင်တော ဇာတိ ဆရာတော် ဘဒ္ဒန္တကေတု၊ မြို့မ ပရိယတ္တိစာသင်တိုက်၊ အမှတ် (၁) ရပ်ကွက်၊ မောင်တောမြို့၊ ရခိုင်ပြည်နယ်။

၅ ။မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ ့တံဆိပ်တော်ရ ပုဏ္ဏားကျွန်းဇာတိ ဆရာတော် ဘဒ္ဒန္တဇနိန္ဒ၊ တန်းခိုးကျောင်း ပရိယတ္တိ စာသင်တိုက်၊ ဘောင်းဒွတ်သားစုရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။

၆။ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ ့တံဆိပ်တော်ရ ပေါက်တောဇာတိ ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ သဝင်ချောင်းကျေးရွာ၊ ပေါက်တောမြို ့နယ်၊ ရခိုင်ပြည်နယ်။

၇။ ဂန္တဝါစကပဏ္ဍိတ ဘွဲ ့တံဆိပ်တော်ရ ရမ်းဗြဲဇာတိ ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ၊ မဟာဂန္ဓရုံ ပရိယတ္တိ စာသင်တိုက်၊ ကျေးတမာလမ်း၊ မြင်သာ (၁၄/၂၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို ့နယ် ရန်ကုန်တိုင်းဒေသကြီး။

၈။ သဒ္ဓမ္မဇောတိကဓဇဘွဲ ့တံဆိပ်တော်ရ ကျောက်ဖြူဇာတိ ဆရာတော် ဘဒ္ဒန္တဉာဏသီရိ၊ မော်တောင် ဘုန်းတောကြီးသင်(အခမဲ့) ပညာရေးကျောင်း၊ ပြင်းငယ်ကျေးရွာ၊ မြိတ်မြို ့နယ်၊ တနင်္သာရီတိုင်းဒေသကြီး။

၉။ သဒ္ဓမ္မဇောတိကဓဇ ဘွဲ ့တံဆိပ်တော်ရ မင်းပြားဇာတိ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၊ ရာဟုလာ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊  ထန်းချောင်းကျေးရွာ အမ်းမြို  ့နယ် ရခိုင်ပြည်နယ် တို့ ဖြစ်ကြသည်။

DSC 0250

၎င်းအခမ်းအနားတွင် မန္တလေးဇာတိ ရခိုင်အမျိုးသမီး သုဓမ္မသိင်္ဂင်္ ီဘွဲ ့ရ ဒေါ်မေမျိုးမြတ် အမှတ် (၁၄၆/ခ) မန္တလေး-လားရှိုးလမ်း ရပ်ကွက်ကြီး ၄ ပြင်ဦးလွင် မြို  ့နယ် မန္တလေးတိုင်းဒေသကြီးကို လည်း ဂုဏ်ပြု ချီးမြှင့် ခဲ့သည်ဟု သိရသည်

ရခိုင်နွယ်ဖွား သံဃာတော် အရှင်သူမြတ် ၉ ပါးနှင့် သာသနနုဂ္ဂဟ လူပုဂ္ဂိုလ် ၁ ဦးတို ့အတွက် ပြုလုပ် ကျင်းပ သည့် ၂၉ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာပွဲကို ရခိုင်ပြည်နယ်ဓမ္မာရုံ ထိန်းသိမ်း စောင့်ရှောက်ရေး ဂေါပက အဖွဲ ့မှ ကြီးမှူး၍ ရန်ကုန်မြို ့ရှိ ရခိုင်လူမှုရေး ဘာသာရေး အသင်းအဖွဲ ့အည်းများနှင့် အခြားဒါယိကာ ဒါယိကာမများ စုပေါင်းကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

ရခိုင်  ဆရာတော်ကြီး ၉ ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို ့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရမှ ၂၀၁၆ ခုနစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် ထုတ်ပြန်သော အမိန့် ကြေငြာစာ အမှတ် ၁/၂၀၁၆ ဖြင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို ့ ရခိုင်တုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။  ဆရာတော် သံဃာတော်များနှင့် လူပေါင်း ၁၀၀ ကျော် တက်ရောက်သည်။

ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည့် ဂုဏ်ပြုပူဇော်ပွဲမှတ်တမ်းများအရ ပူဇော် ဂုဏ်ပြုခံရသူ သံဃာတော် အပါး ၁၇၀ နှင့် လူပုဂ္ဂိုလ် ၂၆ ဦး ရှိပြီဖြစ်ကြာင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...